ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှား ဟတ်ကာတွေ ကိစ္စ စုံစမ်းဖို့ အိုဘားမား ညွှန်ကြား
ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကာလ အတွင်း မှာ ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက် တွေ ကို အင်တာနက် ကွန်ယက်တွေ အတွင်း ပြည်ပ နိုင်ငံ အဖွဲ့အစည်းတွေ က ထိုးဖေါက် ခိုးယူပြီး မသင်္ကာဖွယ် ဆိုက်ဘာ တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့ တယ် လို့ သင်္ကာမကင်း ဖြစ်တဲ့ အတွက် သမ္မတ အိုဘားမား က ဒီကိစ္စ စုံစမ်း ဖေါ်ထုတ် ဖို့ ထောက်လှမ်းရေး အေဂျင်စီ တွေ ကို ညွန်ကြားလိုက်ပါတယ်။
အထူးသဖြင့် သူ့ရဲ့ သမ္မတ ရာထူး ကုန်ဆုံးမဲ့ နေ့ ဇန်နာဝါရီလ ၂၀ ရက် မတိုင်မီ ဒီ စုံစမ်းသိရှိ ရသမျှ အစီရင် ခံစာ ကို လိုချင်တယ် လို့လည်း ဆိုပါတယ်။
ဒီမိုကရက်တွေ ဖက် ကလည်း ဒေါ်နယ်ထရမ့် သမ္မတ ရာထူး တရားဝင် လွှဲပြောင်း မယူခင် ဒီကိစ္စ ဖေါ်ထုတ်ဖို့ ဆန္ဒ ရှိနေကြပါတယ်။
မစ္စတာ ထရမ့် ရာထူး လက်ခံပြီးရင် ဒီအမှု ကို အရေးမကြီးသလို ဖျောက်ဖျက် ပစ်မှာ ကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ဒေါ်နယ် ထရမ့် ကတော့ ၂၀၁၆ ရွေးကောက်ပွဲ မှာ ရုရှနဲ့ တရုတ် တို့ ပါဝင် ပတ်သက်မှု မရှိနိုင်ဘူး လို့ သူထင်ကြောင်း ပြောကြားခဲ့ပါတယ်။