စစ်တွင်းက လိင်ကျွန်ပြုမှု ဂျပန် လျော်မယ်

ဓာတ်ပုံ ရင်းမြစ်, AFP
တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံ အကြား ဆယ်စုနှစ်နဲ့ ချီပြီး မပြေလည် ခဲ့တဲ့ ဒုတိယ ကမ္ဘာစစ် အတွင်း ကိုရီးယား အမျိုးသမီး တွေကို လိင်ကျွန် အဖြစ် အသုံးချ ခဲ့တဲ့ ကိစ္စကို ဖြေရှင်းဖို့ နှစ်ဖက် သဘောတူညီ မှု တခု ရခဲ့ ပါတယ်။
ဆိုးလ်မြို့မှာ ကျင်းပ ခဲ့တဲ့ အစည်းဝေး တခုမှာ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဖူမီယို ကီရှီဒါက ဂျပန် စစ်တပ် ပြည့်တန်ဆာရုံ တွေမှာ အဓမ္မ စေခိုင်း ခံခဲ့ရတဲ့ အမျိုးသမီး တွေ အတိုင်းအဆ မရှိ နာကျင် ခံစားခဲ့ရ တဲ့အတွက် ဝန်ချ တောင်းပန် တဲ့ အကြောင်း ပြောခဲ့ ပါတယ်။
အဲဒီအတွက် ဒေါ်လာ ၉ သန်း လောက် တန်ဖိုးရှိတဲ့ လျော်ကြေး ရံပုံငွေ တရပ် ကိုလည်း ထူထောင်ဖို့ ဂျပန်နိုင်ငံ က သဘောတူ ခဲ့ပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးက ဒီ သဘောတူညီချက် ဟာ အပြီးသတ် ဖြစ်ပြီး နောက်ပြန် လှည့်လို့ မရဘူး လို့ ဆိုပါတယ်။
ဒါပေမယ့် အဲဒီ သဘောတူညီ ချက်ကို တကယ် ဒုက္ခ ခံစား ခဲ့ရပြီး အသက်ရှင် နေသေး သူတွေ က ကျေနပ်ကြ မှာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူး လို့ ဘီဘီစီ သတင်းထောက် တဦးက ဆိုပါတယ်။




