အိုစမာ ဘင်လာဒင်ရဲ့ ခြံထဲက သိမ်းမိတဲ့ စာရွက်တွေ ထုတ်ပြန်

အိုစမာ ဘင် လာဒင်ကို လွန်ခဲ့တဲ့ ၄နှစ်က သူပုန်းအောင်းနေတဲ့ ခြံဝန်းမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေက အသေပစ်သတ် ဖမ်းဆီးခဲ့

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, အိုစမာ ဘင် လာဒင်ကို လွန်ခဲ့တဲ့ ၄နှစ်က သူပုန်းအောင်းနေတဲ့ ခြံဝန်းမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေက အသေပစ်သတ် ဖမ်းဆီးခဲ့

ပါကစ္စတန်နိုင်ငံမှာ အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုဆာမာ ဘင် လာဒန်ကို သူပုန်းအောင်းနေရာ ခြံဝန်းမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ ဝင်ရောက် စီးနင်း ချေမှုန်းခဲ့စဉ်တုန်းက သိမ်းဆည်းမိခဲ့တဲ့ စာရွက်စာတမ်းသစ်တွေကို အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက လူထုကို ထုတ်ပြန် လိုက်ပါတယ်။

အဲဒီထဲမှာ လွန်ခဲ့တဲ့ ၄နှစ် အဲဒီ အချိန် တုန်းက အိုဆာမာ ဘင် လာဒန် ဖတ်ခဲ့တဲ့ စာအုပ်တွေ သတင်းစာ ဆောင်းပါးတွေအကြောင်း အသေးစိတ် အချက်အလက်တွေနဲ့ အယ်လ် ကိုင်ဒါ အဖွဲ့ထဲ ဝင်ဖို့ စာရေး ဆက်သွယ်မှုတွေ၊ ဝင်ခွင့်လျှောက်လွှာတွေ ပါဝင်ပါတယ်။

သိမ်းဆည်းမိခဲ့တဲ့ စာအုပ်တွေထဲမှာ အငြိမ်းစား ဗြိတိသျှ ဗိုလ်မှူးကြီးတဦးရဲ့ စစ်ထောက်လှမ်းရေး အမှားတွေအကြောင်း ရေးသားထားတဲ့ သမိုင်းပညာရှင် Paul Kennedy ရဲ့ The Rise and Fall of Great Powers ဆိုတဲ့ စာအုပ်နဲ့ A brief guide to understanding Islam အစ္စလာမ်ဘာသာအကြောင်း သိကောင်းစရာ လမ်းညွှန် စာအုပ်တို့ ပါတာ တွေ့ရပါတယ်။