သေဆုံးသူ သင်္ဘောသားတွေ အာမခံ ရရှိရေး လုပ်ဆောင်မယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီ လဆန်းတုန်း က ရုရှား အရှေ့ဘက်စွန်း ကမ်ချက်ကာ ကျွန်းဆွယ် အနီး ငါးဖမ်းသင်္ဘော ဒဲန်နီး ဗော့စတော့ခ် နစ်မြုပ်ရာ မှာ သေဆုံး ခဲ့သူ တွေ နဲ့ ပျောက်ဆုံး နေဆဲ မြန်မာ သင်္ဘောသား တွေ အတွက် အသက်အာမခံ ကြေး ရရှိဖို့ ကို စတင် ဆောင် ရွက် နေပြီ လို့ မြန်မာ နိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် MSF က ပြောပါတယ်။
သေဆုံးသူ တွေ နဲ့ သင်္ဘော ကုမ္ပဏီ တို့ ချုပ်ဆိုထား တဲ့ စာချုပ် အထောက် အထောက်အထား တွေကို ရုံးတွေ ပြန်ဖွင့်မယ့် ဧပြီလ ၂၂ ၇က်နေ့ မှာ MSF ရုံးကို လာပို့ ပေးဖို့ မိသားစုဝင် တွေကို အကြောင်း ကြားထားတယ် ဆိုပြီး MSF ရဲ့ ဗဟို အလုပ်အမှု ဆောင် တစ်ဦး ဖြစ်တဲ့ ဦးမြတ်ကျော်ဝင်း က ဆိုပါတယ်။
အဲဒီ့ စာချုပ် ပါ အချက်အလက် တွေ အရ သဘောတူ ထားတဲ့ ငွေ ပမာဏ ဒေါ်လာ ၂ သောင်း ကနေ ၃ သောင်း ကြား လောက် ထိ လျော် ကြေး ရဖို့ ရှိပြီး၊ သက်ဆိုင်ရာ သင်္ဘော ကုမ္ပဏီ က သင်္ဘောသား တွေ အတွက် အသက်အာမ ခံ ကြေး ပေး သွင်း ထား မှု ရှိ မရှိ ကို စစ်ဆေး သွားရမှာ ဖြစ်တယ် လို့ ဦးမြတ်ကျော်ဝင်း က ပြောပါတယ်။
တကယ်လို့ သင်္ဘော ကုမ္ပဏီ ဘက် က ပျက်ကွက် ခဲ့ရင် ရေကြောင်းသွားလာ ရေး လုပ်ငန်း အတွက် အာမခံ ကြေး လို ကိစ္စတွေ ကို ဖြေရှင်း ဆောင်ရွက် ပေးတဲ့ ယူကေ အခြေစိုက် P&I Club က နေ တဆင့် ဥပဒေ အရ တရားစွဲ ပြီး လျော်ကြေး တောင်း ယူ နိုင်တယ် လို့ ဦးမြတ်ကျော်ဝင်း က ရှင်း ပြ ပါတယ်။
ဒီလို သေဆုံး သူတွေ အတွက် အသက် အာမခံချက် ကိစ္စ နဲ့ အတူ အသက်ရှင် သန် ကျန်ရစ် သူတွေ အတွက် လည်း လုပ်ခ လစာ ရရှိဖို့ ဆောင် ရွက် ရာမှာ သင်္ဘောသား တွေ ကို သင်္ဘော ကုမ္ပဏီ နဲ့ ချိတ်ဆက်ပေး ခဲ့တဲ့ အေးဂျင့် တွေ က တဆင့် ဆက်သွယ် ဆောင်ရွက် သွား ရမှာ ဖြစ်ပါတယ်။
မြန်မာ သင်္ဘောသား တွေ ကို မြန်မာ အေဂျင်စီ ကုမ္ပဏီ ငါးခု နဲ့ ကိုရီးယား ကုမ္ပဏီ တစ်ခု တို့ က စာချုပ် ချုပ်ဆိုကာ ရုရှား ငါးဖမ်းသင်္ဘော ပေါ်ကို စေလွှတ် ခဲ့တာ ဖြစ်ပါတယ်။
လောလောဆယ် မှာ တော့ တာဝန်ယူ စေလွှတ်ခဲ့တဲ့ ပြည်တွင်း အေဂျင်စီ ၅ ခုကို နောက် ထပ် သင်္ဘောသား မ စေလွှတ် ဖို့ အာဏာပိုင် တွေ က ယာယီ တားမြစ် ထားပါတယ်။
ဒဲန်နီး ဗော့စတော့ခ် ပေါ် ပါသွားကြတဲ့ မြန်မာ သင်္ဘောသား ၄၂ဦး ထဲ က သေဆုံးသူ ၁၆ ယောက် အလောင်း ကို ရရှိခဲ့ပြီး ၄ ဦး ပျောက်ဆုံး နေဆဲ ဖြစ်ပါတယ်။








