ကျူးဘား ဒဏ်ခတ် ပိတ်ဆို့ မှု ဖယ်ရှားလို

cuba

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ၂ နိုင်ငံ သံတမန် ဆက်ဆံရေး ပြန်လည် စတင်ခဲ့

ကျူးဘား အပေါ် စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့ မှု တွေ ကို အမေရိကန် သမ္မတရဲ့ အခွင့်အာဏာ သုံးပြီး ပယ်ဖျက်ဖို့ ကျူးဘား သမ္မတ Raul Castro က အမေရိကန် သမ္မတ အိုဘားမား ကို တောင်းဆို လိုက် ပါတယ်။

နှစ်ပေါင်း ၅ဝ ကြာ အောင် ဒဏ်ခတ် ပိတ်ဆို့မှု တွေ ကို မဖျက်သိမ်း ဘဲ သံတမန် ဆက်ဆံရေး ထားရှိရုံ နဲ့ မပြီး ကြောင်း Costa Rica နိုင်ငံ မှာ ကျင်းပ တဲ့ ဒေသတွင်း ထိပ်သီး ဆွေးနွေးပွဲ မှာ မစ္စတာ ကက်စထရို က ပြောကြား ခဲ့တာ ဖြစ် ပါတယ်။

ဂွာတာနာမို ပင်လယ်အော် က အမေရိကန် စစ် အခြေစိုက် စခန်း ကို လည်း ကျူးဘား နိုင်ငံ ကို ပြန်ပေးဖို့ ၊ ကျူးဘားကို အကြမ်းဖက် နိုင်ငံ စာရင်းက ပယ်ဖျက် ဖို့ တွေ ကို သူက တောင်းဆို လိုက်ပါတယ်။