မီးလောင်ဂရိသင်္ဘောက ကျန်လူအားလုံးကို ကယ်ခဲ့ပြီ

တနင်္ဂနွေနေ့က ဂရိကနေ အီတလီကို အသွား ဂရီကမ်းလွန် အေဒရီယားတစ် ပင်လယ်ထဲ မှာ မီးလောင်ခဲ့တဲ့ Norman Atlantic သင်္ဘောပေါ်မှာ ကျန်နေတဲ့ လူတွေ အားလုံးကို ကယ်ဆယ်နိုင်ခဲ့ပြီလို့ အီတလီ ကမ်းခြေစောင့်တပ်က ပြောပါတယ်။
စုစုပေါင်း လူ ၄၀၇ ဦးကို တယ်တင်နိုင်ခဲ့တယ်လို့ အီတလီ ဝန်ကြီးချုပ် Matteo Renziက အတည်ပြု ပြောဆိုခဲ့ပါတယ်။
အခုတော့ သင်္ဘောပေါ်မှာ သင်္ဘောကပ္ပတိန်နဲ့ အီတလီရေတပ်က လူတချို့ပဲ ကျန်ပါတော့တယ်။
အခုအချိန်ထိ သိရသလောက် လူ ၅ ဦးသေဆုံးခဲ့တယ်လို့ ဂရိ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီထဲက တဦးဟာ သင်္ဘောမီးလောင်စဉ် ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားရာမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ကျန်လေး ဦးရဲ့ ရုပ်အလောင်းတွေကို ပင်လယ်ပြင်မှာ ရှာတွေ့ခဲ့တယ်လို့ ဂရိကမ်းခြေစောင့်တပ်က ပြောပါတယ်။
ရဟတ်ယာဉ်တွေဟာ လူတွေကို အသုတ်လိုက် ကယ်ဆယ်နေချိန်မှာ မီးသတ်သမားတွေက ပြင်းထန်တဲ့ လေပြင်းကြားမှာ သင်္ဘောအောက်ထပ်မှာ လောင်နေဆဲ ဖြစ်တဲ့ မီးကို ကြိုးစားငြိမ်းသတ်ခဲ့ရပါတယ်။




