အီဘိုလာကို စမ်းသပ် ဆေးဝါးတွေနဲ့ ကုသဖို့ ဆုံးဖြတ်

လူတွေနဲ့ မစမ်းရသေးပေမယ့် ကျင့်ဝတ်နဲ့ ညီတယ်လို့ ဆုံးဖြတ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လူတွေနဲ့ မစမ်းရသေးပေမယ့် ကျင့်ဝတ်နဲ့ ညီတယ်လို့ ဆုံးဖြတ်

အနောက် အာဖရိကမှာ အီဘိုလာ ရောဂါပိုး ကူးစက် ခံရသူတွေကို စမ်းသပ် အဆင့်သာ ရှိသေးတဲ့ ဆေးတွေ ပေးပြီး ကုသ နိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ ကျွမ်းကျင်သူ အဖွဲ့ တဖွဲ့က ဆုံးဖြတ် လိုက်ပါတယ်။

အခု ကူးစက် ပျံ့ပွားနေတဲ့ အီဘိုလာ ရောဂါပိုးကြောင့် လူ တထောင်ကျော် အသက် ဆုံးခဲ့ပါပြီ။

အီဘိုလာ ကုသနိုင်တဲ့ သောက်ဆေး ထိုးဆေးတွေဟာ လူသားတွေနဲ့ စမ်းသပ်မှုတွေ မလုပ်ရသေးလို့ ဆေးရဲ့ ထိရောက်မှုနဲ့ ဘေးထွက် ဆိုးကျိုးတွေကို အတိအကျ မသိရသေးပေမယ့် လတ်တလော အခြေအနေတွေ အရ လူနာတွေကို ပေးဖို့ ဆုံးဖြတ် ရတာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ရောဂါပိုး ကူးစက် ခံနေရတဲ့ အမေရိကန် ပရဟိတ ဝန်ထမ်း ၂ ယောက်ကို လောလောဆယ် အဲဒီ စမ်းသပ် အဆင့် ဆေးတွေနဲ့ ကုသပေးနေပါတယ်။