ထိုင်း အစိုးရ ရုံးတွေ ပုံမှန် လည်ပတ်နေ

အစိုးရရုံး တစ်ရုံးရှေ့က ဆန္ဒပြသူများ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အစိုးရရုံး တစ်ရုံးရှေ့က ဆန္ဒပြသူများ။

ထိုင်းနိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ဘန်ကောက်မြို့ကို ပိတ်ဆို့ ဆန္ဒပြနေကြပေမယ့်လည်း အစိုးရ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေဟာ ပုံမှန် လည်ပတ်နေကျအတိုင်း ရပ်ဆိုင်းသွားခြင်း မရှိဘူးလို့ ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရရုံး အတော်များများဆီကို ချီတက် ဆန္ဒပြခဲ့ပြီး အဲဒီ ရုံးတွေကို ပိတ်ပစ်ဖို့ အတင်းအကျပ် ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ အစိုးရ တာဝန်ရှိသူတွေဟာ အရန် ထားရှိတဲ့ ရုံးနေရာတွေကနေ အလုပ်တွေကို ဆက်လက် လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြ ခေါင်းဆောင်တွေက အစိုးရ တခုလုံး လုပ်ငန်းတွေ ရပ်သွားဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပြီး ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် ရာထူးက ဆင်းဖို့ကို ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

မစ် ယင့်လတ်ကတော့ ရှေ့လ ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ ရွေးကောက်ပွဲကို ရက်ရွှေ့ဖို့ ဆွေးနွေးမယ်လို့ အတိုက်အခံတွေကို ကမ်းလှမ်းထားပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေဘက်က အလိုရှိနေတာကတော့ ဘက်မလိုက် ကြားနေ ပုဂ္ဂိုလ်တွေနဲ့ ယာယီ ကောင်စီ တခုဖွဲ့စည်းပြီး အဲဒီအဖွဲ့ ကနေ တိုင်းပြည်ကို ဦးဆောင်စေချင်နေတာ ဖြစ်ပါတယ်။