အီရတ်အစိုးရကို ဆန့်ကျင်ဖို့ ဆွန်နီတွေကို အစ္စလာမစ်တွေ တိုက်တွန်း

အစိုးရ စစ်တပ်က ထိုးစစ်ဆင်လာမှာကို စိုးရိမ်ပြီး ဖါလူဂျာ မြို့ခံတွေ နေအိမ် စွန့်ခွာ ထွက်ပြေး
ဓာတ်ပုံ ပုံစာ, အစိုးရ စစ်တပ်က ထိုးစစ်ဆင်လာမှာကို စိုးရိမ်ပြီး ဖါလူဂျာ မြို့ခံတွေ နေအိမ် စွန့်ခွာ ထွက်ပြေး

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ရဲ့အနောက်ဖက် ဖာလူဂျာမြို့ကို သိမ်းပိုက်လိုက်တဲ့ အစ္စလာမစ် လက်နက်ကိုင် အဖွဲ့တွေက ရှီအာ လူမျိုးစု ဦးဆောင်တဲ့ အီရတ်အစိုးရကို ဆန့်ကျင် တော်လှန်ရာမှာ အဲဒီမှာ ရှိတဲ့ ဆွန်နီ လူမျိုးစုတွေ ထောက်ခံ ပူးပေါင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် အစိုးရစစ်တပ်တွေ အကြီးအကျယ် ထိုးစစ်ဆင်လာမှာကို စိုးရိမ်ပြီး ဖာလူဂျာမြို့ကနေ ထွက်ပြေးသွားကြတဲ့ မိသားစု ထောင်ပေါင်းများစွာကိုလည်း နေရပ် ပြန်လာကြဖို့ သူတို့က တိုက်တွန်းလိုက်ပါတယ်။

တချိန်ထဲမှာပဲ အီရတ် ဝန်ကြီးချုပ် နူရီ အယ်လ် မာလီကီက အယ်လ်ကိုင်ဒါတွေနဲ့ ဆက်နွယ်နေတဲ့ လက်နက်ကိုင် သူပုန်တွေကို ဖါလူဂျာမြို့ထဲကနေ တိုက်ထုတ်ကြဖို့ မြို့ခံတွေကို တိုက်တွန်းထားပါတယ်။

ဒါပေမယ့်လည်း ဖာလူဂျာမြို့နဲ့ ပြည်နယ် မြို့တော် ရာမာဒီမြို့မှာ ရှိကြတဲ့ လူအတော်များများကတော့ သူတို့မြို့တွေ ကနေ အီရတ် အစိုးရ တပ်ဖွဲ့တွေကို မောင်းထုတ်ဖို့ လိုလားနေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။