ဆီးရီးယား စစ်ပြေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး လိုအပ်နေ

syrian refugee
ဓာတ်ပုံ ပုံစာ, အပူရှိန်နဲ့ ရေမလုံလောက်လို့ ကျန်းမာရေး ပူပန်ရ

ဂျော်ဒန်နဲ့ လက်ဘနွန်က သိန်းနဲ့ချီတဲ့ ဆီးရီးယား စစ်ပြေး ဒုက္ခသည်တွေ အတွက် အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ Oxfam ဗြိတိသျှ ကယ်ဆယ်ရေး အဖွဲ့ က ပြောကြား လိုက်ပါတယ်။

နွေရာသီ အပူရှိန် မြင့်တက် လာတာနဲ့ စခန်း သန့်ရှင်းရေး ညံ့ဖျင်းမှုတွေက ဒုက္ခသည်တွေရဲ့ ကျန်းမာရေး ကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

လူမလာတဲ့ စျေးဟောင်းနဲ့ သင်္ချိုင်းကုန်း အစွန်အဖျားလို နေရာမျိုးတွေမှာ ထွက်ပြေး လာတဲ့ ဒုက္ခသည် တွေကို ဖြစ်သလို နေရာချပေးထားတယ်လို့လဲ သိရပါတယ်။

ဆီးရီးယား နိုင်ငံသား တသန်းခွဲကျော်ကို ကုလသမဂ္ဂက ဒုက္ခသည် အဖြစ် တရားဝင် အသိအမှတ် ပြုထားပါတယ်။