
လုံခြုံရေး အထူး တင်းကျပ်ထားပြီး၊ မနက် အစောပိုင်းမှာ မီးသဂြိုဟ် လိုက်တာ ဖြစ်ပါတယ်
နယူး ဒေလီမြို့မှာ ဘတ်စ်ကားပေါ် အုပ်စုဖွဲ့ မုဒိမ်းကျင့် ခံခဲ့ရပြီးနောက် သေဆုံးသွား ခဲ့တဲ့ ၂၃ နှစ်အရွယ် ဆေးကျောင်းသူ လေးရဲ့ ရုပ် အလောင်းကို မီးသဂြိုဟ် လိုက်ပြီ ဖြစ်ပါတယ်။
အခုလို မတရား ပြုကျင့် ခံခဲ့ ရတဲ့ ဖြစ်ရပ် ကြောင့် အိန္ဒိယ နိုင်ငံ တလွှား အမျက် ဒေါသ ထွက်ခဲ့ ကြပြီး၊ အိန္ဒိယ အမျိုး သမီးတွေ ဆက်လက် ရင်ဆိုင် နေရတဲ့ လုံခြုံမှု ကင်းမဲ့ နေမှုတွေ အတွက် ဆန္ဒပြ ဖေါ်ထုတ်ခဲ့ ကြပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဒေလီမှာ ဖြစ်ပွား ခဲ့တဲ့ ဆန္ဒပြမှု တွေဟာ ဆိုရင် အကြမ်းဖက်မှု အသွင်ကို ဆောင်လာ တာကြောင့် ဒေလီ မြို့လယ် နေရာ တွေမှာ လမ်းတွေ ပိတ်ခဲ့ ရပြီး တချို့ မြေအာက် ရထားလိုင်း တွေပါ ပိတ်ခဲ့ ရပါတယ်။
ဝန်ကြီးချုပ် မန်မိုဟန် ဆင်းနဲ့ အာဏာရ ကွန်ဂရက် ပါတီ ခေါင်းဆောင် ဆိုနီယာ ဂန္ဒီ တို့ဟာ ဒီဆေးကျောင်းသူလေးရဲ့ မိသားစုကို တွေ့ဆုံ ခဲ့ပြီး အမျိုး သမီးတွေ အပေါ် လုံခြုံမှု ပိုပေးရေး အတွက် အပြောင်း အလဲ တွေ လုပ်မယ်လို့ ကတိပေး သွားပါတယ်။












