
ပိုစတာ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူ တယောက်
အိန္ဒိယ နိုင်ငံ ဒေလီမြို့က ဘတ်စကားပေါ်မှာ အုပ်စုဂိုဏ်းဖွဲ့ မုဒိမ်းကျင့်တာ ခံခဲ့ရပြီး ဒဏ်ရာတွေရခဲ့လို့ ဆေးကုသခံနေရတဲ့ အမျိုးသမီးလေး သေဆုံးသွားပါပြီ။
သံဒုတ်နဲ့ အကြိမ် တော်တော် များများ ရိုက်နှက် ၊ မုဒိမ်းကျင့်ပြီး ဘတ်စကားပေါ်ကနေ ပစ်ချခံရတဲ့ အသက် ၂၃သုံးနှစ် အရွယ် ဆေးကျောင်းသူလေးဟာ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ ပျက်စီး သွားတယ်လို့ သူ့ကို ဆေးကုသမှု ပေးနေတဲ့ စင်္ကာပူ ဆေးရုံက ဆရာဝန်တွေက ပြောပါတယ်။
အခင်းဖြစ်ခဲ့တာ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဖြစ်ပေမယ့် အိန္ဒိယနိုင်ငံ တလွှား အုတ်အော် သောင်းနင်း ဆူပူ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး မုဒိမ်းသမားတွေကို ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးတောင်းဆိုခဲ့ကြပါတယ်။
ရဲတွေ အနေနဲ့လည်း အမျိုးသမီးတွေကို အကာအကွယ် ပေးရေး တင်းတင်းကျပ်ကျပ် အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။












