
မစ်ထ်ရွန်နီ ပြည်သူကို တန်ဖိုး မထားလို့ စွပ်စွဲ
သမ္မတ ဘားရက် အိုဘားမားက ရီပတ် ဘလစ်ကန် ပြိုင်ဘက် မစ်ထ် ရွန်နီဟာ အမေရိကန် ပြည်သူ တချို့ကို တန်ဖိုး မထားဘူးလို့ စွပ်စွဲ လိုက်ပါတယ်။
အမေရိကန် မဲဆန္ဒရှင် အတော်များများကို ထိပါး ပုတ်ခတ် လိုက်သလို ဖြစ်တဲ့ စကားကို ရီပတ် ဘလစ်ကန် သမ္မတ လောင်း မစ်ထ် ရွန်နီက သီးသန့် ရန်ပုံငွေ ရှာပွဲ တခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
သမ္မတ တယောက် အနေနဲ့ အမေရိကန် တနိုင်ငံလုံးကို ကိုယ်စား ပြု ရမှာ ဖြစ်တယ်လို့ သမ္မတ ဖြစ်စမှာပဲ သူသိရှိ ခဲ့ကြောင်း ရုပ်သံ ဆွေးနွေးခန်း အစီအစဉ် တရပ်မှာ မစ္စတာ အိုဘားမား ပြောကြား ပါတယ်။
သူ့ကို မဲမပေး တဲ့ သူတွေ အတွက် ပိုပြီး ဖိဖိစီးစီး ဆောင်ရွက် ပေးမယ်လို့ ရွေးကောက်ပွဲ ပြီးပြီးချင်း ကတိပေး ခဲ့တယ်လို့ အိုဘားမားက ဆိုပါတယ်။












