
ရီပါဘလစ်ကန် သမ္မတလောင်း Mitt Romney
အမေရိကန် ပြည်ထောင်စုမှာ အခု နောက်ဆုံး ထွက်လာတဲ့ အလုပ်လက်မဲ့နှုန်းနဲ့ပတ်သက်ပြီး သမ္မတ အိုဘားမားနဲ့ ပြိုင်ဖက် ရီပါ့ဘလစ်ကန် သမ္မတလောင်း Mitt Romney တို့ အမေရိကန် စီးပွားရေး နဲ့ ပတ်သက်လို့ အပြန်အလှန် စွပ်စွဲ ပြောကြားခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း အလုပ်ကိုင်သစ် ဖန်တီးနိုင်မှုဟာ ကိုးသောင်း ခြောက်ထောင် ရှိခဲ့ပြီး ဒါဟာ မှန်းထားတာထက် လျော့နည်း နေတာ ဖြစ်ပါတယ်။
ဒါနဲ့ ပါတ်သက်လို့ တကယ် စစ်စစ် အလုပ်ရနှုန်းက ကိုးသောင်းခွဲဘဲ ရှိတယ်လို့ ကျွန်တော်ထင်တယ် ၊ ဒါဟာ လူလေးသိန်းလောက် အလုပ်လုံးဝမရတာကို ပြနေတယ် ၊ မယုံနိုင်လောက်အောင်ပါဘဲလို့ ရီပါ့ဘလစ်ကန် သမ္မတလောင်း မစ်ထ် ရွန်မနေက ဆိုသွားခဲ့ပါတယ်။
တခါ သမ္မတ အိုဘားမားကလည်း ကျွန်တော်တို့ ရှေ့ဆက်လျှောက်ရမယ့် လမ်းဟာ လွယ်ကူ မြန်ဆန်မယ်လို့ ဟန်ဆောင် မပြောချင်ပါဘူး ၊ ဒါမျိုးလည်း ဘယ်တုန်းကမှ ကျွန်တော် မလုပ်ခဲ့ပါဘူး၊ ဗုဒ္ဓဟူးနေ့ ညတုန်းက ဘီလ် ကလင်တန် သတိပေးခဲ့ သလိုဘဲ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ နှစ်အတန်ကြာဉီးမှာပေါ့ဗျာလို့ မစ္စတာ အိုဘားမားက ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် အလုပ်ကိုင်သစ် တသန်းလောက် ဖန်တီးနိုင်မယ့် သူ့အစီအစဉ်တွေဟာ ကဖျက်ယဖျက် လုပ်ခံနေရတယ်လို့ ကွန်ဂရက် လွှတ်တော်က ရီပါ့ဘလစ်ကန်တွေကို အိုဘားမားက တိုက်ခိုက် ပြောဆို သွားခဲ့ပါတယ်။
အလုပ်ကိုင်သစ် အများအပြား ဖန်တီးနိုင်စွမ်း မရှိတာဟာ အိုဘားမား အပေါ် နိုင်ငံရေးအရ ထိုးနှက်ခံရမယ့်အခြေအနေတခုဖြစ်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။












