
သမ္မတ အိုဘားမား
အမေရိကန် သမ္မတ ဘားရက် အိုဘားမားက လာမယ့် နို၀င်ဘာလမှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲပေးကြမယ့်သူတွေဟာ နောက် မျိုးဆက်တွေ ဖြစ်တဲ့အတွက် လေ့လာပြီးမှ မဲ ထည့်ကြဖို့ Democratic ပါတီရဲ့ ညီလာခံမှာ ပြောဆို ခဲ့ပါတယ်။
ပြိုင်ဖက် Mitt Romney ဆိုရင် အတွေအကြုံနည်းတဲ့ သူဖြစ်တယ်။ အထူးသဖြင့် နိုင်ငံခြားရေးရာ မူဝါဒနဲ့ ပတ်သက်လာရင် အတွေ့အကြုံ နည်းသူလို့ ပြောပြီး သူ့ကို မဲထည့်ဖို့ စည်းရုံး ပြောဆိုခဲ့ပါတယ်။
လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရ မလဲဆိုတဲ့ ကြိုတင် စစ်တမ်းကောက်ယူချက်မှာတော့ သမ္မတ အိုဘားမားကို ပြိုင်ဖက် Mitt Romney က ကပ်ပြီးလိုက်နေတယ်လို့ သိရပါတယ်။
သူ့လက်ထက်မှာ ကျဆင်းနေတဲ့ အမေရိကန်ရဲ့ စီးပွားရေး ကို ပြန်ပြီး ဦးမော့လာအောင် လုပ်ဆောင် နိုင်ခဲ့တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့လည်း ဘတ်ဂျက် လိုငွေပြမှုကို ဒေါ်လာ ၄ ဘီလျံ ဖြတ်တောက်မယ်လို့ ပြောပါတယ်။ အဲဒီကရလာတဲ့ ငွေတွေကို ပညာရေးနဲ့ ကမ္ဘာမြေကြီး ပူနွေးလာမှု ဟန့်တားရေးမှာ သုံးသွားမယ်လို့ ပြောပါတယ်။
နောက်ပြီး နိုင်ငံတကာရေးရာမှာ လည်း 9/11 အကြမ်းဖက်မှုတွေကို ကြိုးကိုင်ခဲ့တဲ့ သူတွေကို လက်တုံ့ပြန်ဖို့ ကတိပေးခဲ့သလို လုပ်နိုင်ခဲ့တယ်။ တာလီဘန်ခေါင်းဆောင် အိုစမာ ဘင်လာဒင် ကို ချေမှုန်းနိုင်ခဲ့သလို တာလီဘန် နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကိုလည်း ၂၀၁၄ မှာ အပြီးသတ်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ပြိုင်ဖက် Republican ဖက်က တုံ့ပြန်တာကတော့ သမ္မတ အိုဘားမားဟာ လွန်ခဲ့တဲ့ ၄ နှစ်ကလည်း အခုလိုပဲ ကတိတွေပေးပြီး လက်တွေ့မှာတော့ ဘာမှဖြစ်အောင် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ဝေဖန်လိုက်ပါတယ်။












