
ဘီလ် ကလင်တန်က အိုဘားမား ကို ထောက်ခံ ပေး
အမေရိကန် သမ္မတ အိုဘားမား ဒုတိယ သက်တမ်း အတွက် မြောက် ကယ်ရိုလိုင်းနား ပြည်နယ် မှာ ကျင်းပတဲ့ ဒီမိုကရက် ပါတီ ညီလာခံမှာ မိန့်ခွန်း ပေးဖို့ ပြင်ဆင် နေပြီ ဖြစ်ပါတယ်။
ပါတီ သမ္မတလောင်း အဖြစ် ကြေညာ တာကို မစ္စတာ အိုဘားမား တရားဝင် လက်ခံမှာ ဖြစ်ပြီး ပြန်အရွေးခံဖို့ မဲဆွယ်မှာ ဖြစ်ပါတယ်။
အမေရိကန် စီးပွားရေး နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောဖို့ ရှိတယ်လို့ သူ့ အကြံပေး ပုဂ္ဂိုလ်တွေ က ဆိုပါတယ်။
ဒီမိန့်ခွန်းကို သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေ ရုပ်သံက စောင့်ကြည့် ကြဖို့ ရှိပါတယ်။
ဗုဒ္ဓဟူး နေ့က လဲ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်က မစ္စတာ အိုဘားမား အတွက် အောင်မြင်မှုတွေနဲ့ တာဝန်ခံ စရာတွေကို ခွဲဝေယူမှာ ဖြစ်တယ်လို့ လှိုက်လှိုက်လှဲလှဲ ထောက်ခံ ပေးခဲ့ပါတယ်။












