
သမ္မတ အိုဘားမား နဲ့ မစ်ရွမ်နီ မဲဆွယ်ပွဲ
သမ္မတ အိုဘားမား က သူ့ပြိုင်ဘက် ရီပတ်ဗလီကင် ပါတီ မှ ဝင်အရွေးခံမယ့် မက်စာချူးဆက် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွမ်နီ ကို သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ရာမှာ စီးပွားရေး နဲ့ လူမှုရေး ကိစ္စရပ်တွေ မှာ အထက်စီး က ပြောနေကြောင်း စွပ်စွဲ လိုက်ပါတယ်။ မစ်ရွမ်နီ က သူသာ အရွေးခံရရင် ဒီ အချက်တွေ ကို ဉီးစားပေး ဆောင်ရွက်မယ် လို့ ဆိုလို့ပါပဲ။
ဒီလို ပြုခြင်းအားဖြင့် အမေရိကန် ရဲ့ စီးပွားရေး ကို ပို ပြီးသာ ဆိုးဝါးစေမယ် လို့ သမ္မတအိုဘားမား က အေပီသတင်းဌာန နဲ့ မေးမြန်းခန်းမှာ ပြောတါပါ။ မစ်ရွမ်နီ အနေနဲ့ အရေးပါတဲ့ ကမ်းလှမ်းချက်တွေ ပြုနေပေမယ့် အမေရိကန် လူလတ်တန်းစား တွေ ကို ဘယ်လိုမှ အထောက် အကူ ပြုနိုင်မှာ မဟုတ်ဖူး လို့ သမ္မတ အိုဘားမားက ဆိုသွားတာပါ။
မစ်ရွန်မ်နီ ဘက်က ရီပတ်ဗလီကင်ပါတီ အတွက် ပေါလ်ရိုင်ယင် ကို လည်း သူနဲ့ အတူ တွဲပြီး ရွေးကောက်ပွဲ ဝင်ဖို့ ရွေးလိုက်ကတည်းက သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ပွဲ အရှိန် မြင့်လာခဲ့ပါတယ်။ အခုဆိုရင် သူတို့ ၂ ဉီးဟာ အိုဟိုင်းယိုး ပြည်နယ် မှာ မဲဆွယ်နေကြပါပြီ။












