မာရာဒိုနာအသက် (၆၀) အရွယ်မှာ ကွယ်လွန်

no caption

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္ထဝင်ဘောလုံးသမားကြီး မာရာဒိုနာဟာ အသက် (၆၀) အရွယ်မှာ ကွယ်လွန်သွားပါတယ်။

အာဂျင်တီးနားနိုင်ငံ လက်ရွေးစင်လည်းဖြစ်၊ နည်းပြ‌‌ဟောင်းလည်းဖြစ်တဲ့ သူဟာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီစ်မြို့က သူ့နေအိမ်မှာ နှလုံးရောဂါ ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။

သူက ဦးနှောက်သွေးခဲလို့ နိုဝင်ဘာလက ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ခွဲစိတ်မှု အောင်မြင်ခဲ့ပါတယ်။ မာရာဒိုနာဟာ အရက်စွဲတဲ့ပြဿနာကိုလည်း ကုသမှုခံနေရပါတယ်။

မာရာဒိုနာဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ အတူ ၁၉၈၆ မှာ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ပြီး အင်္ဂလန်အသင်းနဲ့ ကွာတားဖိုင်နယ် ပွဲစဥ်မှာ" ဘုရားပေးသောလက် "ဆိုပြီး လက်နဲ့ ပုတ်သွင်းခဲ့တဲ့ အငြင်းပွားဖွယ် အနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ကလပ် ကစားသမားဘဝမှာ စပိန်က ဘာစီလိုနာ နဲ့ အီတလီက နာပိုလီတို့မှာ ကစားခဲ့ပြီး အီတလီမှာ ကစားစဥ်စီးရီးအေ ချန်ပီယံဆု နှစ်ကြိမ် ရရှိခဲ့ပါတယ်။

မာရာဒိုနာဟာ အာဂျင်တီးနားနိုင်ငံ အသင်းအတွက် ၉၁ ပွဲကစားပြီး ၃၄ ဂိုးသွင်းကာ ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ် ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။