တခါကရော့ခ်အင်ရိုး သို့မဟုတ် အဆိုတော် အလန်မာရေးလ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ကွယ်လွန်

အလန်မာရေးလ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အလန်မာရေးလ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ကွယ်လွန်

အိုင်လဗ်ရော့ခ်အင်ရိုးသီချင်းကိုပူးတွဲရေးသားသူတယောက်လည်းဖြစ်သလို ပထမဆုံးသီဆိုခဲ့သူလည်းဖြစ်တဲ့ အဆိုတော်တေးရေးဆရာ အလန်မာရေးလ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ကွယ်လွန်ခဲ့ပါပြီ။

အလန်မာရေးလ်ဟာ အသက် ၆၉ နှစ်ရှိပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့သီတင်းပတ် အနည်းငယ်အထိ စင်ပေါ်တက် သီချင်းဆိုနိုင်လောက်အောင် ကျန်းကျန်းမာမာရှိခဲ့ကြောင်းသူ့သမီးလော်ရာကပြောခဲ့ပါတယ်။

သူအအေးမိသွားတာပါလို့ သူ့ကိုယ်သူလျှော့တွက်ခဲ့ကြောင်းလော်ရာကပြောပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ကိုယ်နဲ့ကိုယ့်မိသားစုမှာ ဒီရောဂါဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်တတ်ကြပေမယ့်ကိုယ့်အတွက်မဟုတ်တောင်

တခြားလူတွေအတွက် အိမ်မှာပဲ နေကြပါ။

ကျွန်မအဖေအတွက်တော့တကယ်ဖြစ်ခဲ့ပါပြီလို့လည်း လော်ရာကဆိုပါတယ်။

အလန်မာရေးလ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုင်လဗ်ရော့ခ်အင်ရိုး သီချင်းဟာ ၁၉၈၂ခုနှစ် ကမ္ဘာကျော်အောင်ပေါက်ခဲ့

အလန်မာရေးလ် ပူးတွဲရေးသားခဲ့တဲ့ အိုင်လဗ်ရော့ခ်အင်ရိုး သီချင်းဟာ ၁၉၈၂ခုနှစ် ဂျုံးဂျက်ပြန်ဆိုချိန်မှာ ကမ္ဘာကျော်အောင်ပေါက်ခဲ့ပါတယ်။

တခြားကမ္ဘာကျော်တွေဖြစ်ကြတဲ့ ဘရစ်တနီစပီးယားနဲ့ဝီးယာ့ယန်ကိုဗစ်တို့ကလည်း ဒီသီချင်းကို ထပ်မံသီဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာတော့အိုင်လဗ်ရော့ခ်အင်ရိုးလ် သီချင်းဟာတခါကရော့ခ်အင်ရိုးလ် ဆိုတဲ့နာမည်နဲ့ လူသိများထင်ရှားခဲ့ပါတယ်။

တေးရေးဆဲလ်စ်က ကော်ပီရေးသားခဲ့ပြီး အဆိုတော်ဘိုဘိုသီဆိုခဲ့ရာမှာတခါကရော့ခ်အင်ရိုးလ်ဟာလည်း ပေါက်ခဲ့ပါတယ်။

ဒီသီချင်းကို ဖျက်ရေးတဲ့ အိုင်လဗ်ဆော့ဆေ့ခ်ျရိုးလ်ဝက်အူချောင်းသွပ်ပေါင်မုန့်ကိုငါကြိုက်တယ်ဆိုတဲ့သီချင်းဟာလည်း

ပြီးခဲ့တဲ့နှစ် ခရစ္စမတ်မှာ နံပါတ်တစ် အပေါက်ဆုံးသီချင်းဖြစ်ခဲ့ပြီးအဲဒီသီချင်းကရတဲ့ငွေတွေကို ပရဟိတအတွက် လှူဒါန်းခဲ့ပါတယ်။

အသက် ၆၁ နှစ်အရွယ်ရှိတဲ့ ဂရမ္မီဆုရှင် ကန်ထရီးအဆိုတော်ဂျိုးဒစ်ဖီဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့်

ကွယ်လွန်ခဲ့ပါတယ်။

နောက်ထပ် ကန်းထရီးအဆိုတော်နဲ့ တေးရေးဆရာဖြစ်တဲ့ဂျွန်ပရိုင်းဟာလည်း ကိုရိုနာကူးစက်ပြီး အပြင်းအထန်နာမကျန်းဖြစ်နေပါတယ်။