Google အကြောင်း သင်မသိသေးတဲ့ ၁ဝ ချက်

အနှစ် ၂၀ မွေးနေ့မှသည်

ဓာတ်ပုံ ရင်းမြစ်, Google

ဓာတ်ပုံ ပုံစာ, အနှစ် ၂၀ မွေးနေ့မှသည်

ဂူဂဲလ်မပေါ်ခင်က ကိုယ့်ဘဝကို ပြန်စဉ်းစားကြည့်လိုက်မိရင် ဘယ်လိုဆိုတာ မှတ်မိကြပါသေးရဲ့လား။ တစ်ခုခုကို သိချင်လို့ အမြန်ရှာဖွေဖို့လိုတယ်ဆိုရင် အဲဒီတုန်းက ဘာလုပ်ခဲ့ကြပါသလဲ။

အခုတော့ စာလုံးပေါင်း သိချင်လို့ပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင်တစ်ခုအကြောင်း၊ အဲဒီ စားသောက်ဆိုင်ကို ဘယ်လိုသွားရ မလဲဆိုတာမျိုး၊ လူ သိပ်မသိ မထင်ရှားဘူးလို့ ဆိုရမယ့် ရေကန်လေးတစ်ခုရဲ့ အမည်ကို သိချင်တာမျိုး အထိ ဂူဂဲလ်ဆီ သွားမိကြမှာပါ။ ဒါကြောင့် ရှာတာဖွေတာကိုတောင် အင်္ဂ်လိပ်လို ဂူဂဲလ်လုပ်တယ်ဆိုတဲ့ စကားလုံးက တွင်ကျယ်လာခဲ့ပါပြီ။

တစ်စက္ကန့်တိုင်းမှာ ဂူဂဲလ်က ရှာဖွေမှုပေါင်း ၄၀,၀၀၀ ကျော်ကို လုပ်ပေးနေပါတယ်။ ဒါ တစ်နေ့လုံးဆို ရှာဖွေမှုပေါင်း သန်းပေါင်း ၃၅၀၀ ရှာပေးနေတာလို့ Forbes မဂ္ဂဇင်းရဲ့ လေ့လာ သုတေသနပြုချက်တစ်ခုက ဆိုပါတယ်။

ဂူဂဲလ်ဟာ ကမ္ဘာပေါ်မှာ လူ အသုံးအများဆုံး အင်တာနက်ရှာဖွေရေး အင်ဂျင်တစ်ခု ဖြစ်ပါတယ်။ အခုတော့ ဂူဂဲလ်ဟာ ရှာဖွေရေးအင်ဂျင်သက်သက်မဟုတ်တော့ပါဘူး၊ ကြော်ငြာတွေတင်တဲ့နေရာ၊ စီးပွားရေး လုပ်ငန်းကြီးတစ်ခုနဲ့ လူတွေရဲ့ ပုဂ္ဂလိက ကိုယ်ရေးအချက်အလက်တွေကို မပြတ်တန်း ကောက်ယူသိုမှီးနေတဲ့ နေရာကြီး တစ်ခု ဖြစ်လို့လာနေပါတယ်။

ဟုတ်ပါတယ်။ ကိုယ်က ဂူဂဲလ်မှာ တစ်ခုခုရှာလိုက်တာနဲ့ သူက ကိုယ် ဘာကြိုက်တယ်၊ ဘာသိချင်တယ်၊ ဘာကို ရှာတတ် တယ်ဆိုတဲ့ အချက်အလက်တွေ ရသွားပါတယ်။ ဆိုချင်တာက သူက ကိုယ့်အကြောင်း နည်းနည်း ပိုသိသွားပါပြီ။ ကိုယ်ကရော သူ့ကြောင်း ဘယ်လောက် သိထားပါသလဲ။

ကဲ အံ့အားသင့်သွားလောက်စရာ အချက်လေးတွေအကြောင်း ဆက်ဖတ်ကြည့်လိုက်ပါဦး။

၁။ အမည်

စာလုံးပေါင်း မှားတာက စတာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စာလုံးပေါင်း မှားတာက စတာလား

ဂူဂဲလ်ဆိုတာ ဘာလဲ၊ ဘာကို ဆိုလိုတာလဲလို့ မေးချင်ပါလိမ့်မယ်။ တကယ်တော့ ဂူဂဲလ်ဆိုတဲ့အမည်က ဘာမှတော့ အဓိပ္ပာယ် ဖွင့်ဆိုချက် မရှိပါဘူး။ Google ဂူဂဲလ်လို့ ဖြစ်လာတဲ့ အင်္ဂလိပ်စကားလုံးက တကယ်တော့ google ဆိုတဲ့ သင်္ချာ စကားလုံးကို လွဲပြီး ပေါင်းမိရာက ဖြစ်လာတာပါ။ Google ဆိုတာက တစ်နောက်က သုည အလုံးတစ်ရာ လိုက်တယ် ဆိုတဲ့ သင်္ချာအခေါ်အဝေါ်ပါ။

အဲဒီလို ဘယ်သူက လွဲပြီး စာလုံးပေါင်းခဲ့တာလဲ၊ အင်ဂျင်နီယာတစ်ယောက်ယောက်လား၊ ကျောင်းသား တစ်ဦးဦးလား ဆိုတာလည်း မဆုံးနိုင်တဲ့ ဇာတ်လမ်းတွေ ရှိခဲ့ပါတယ်။ဘယ်သူကပဲ လုပ်ခဲ့ခဲ့၊ အခုတော့ ဂူဂဲလ်ဆိုတဲ့ စာလုံးက တွင်ကျယ် ပြီး အဘိဓာန်ထဲတောင် ဝင်သွားခဲ့ပါပြီ။ မယုံရင် အဘိဓာန်ဆိုပြီး ဂူဂဲလ်လုပ်ကြည့်လိုက်ပါလေ။

၂။ ကျောပွတ်ပေးသူ

ထင်သလို မဟုတ်ပါဘူး။ အမှန်ကတော့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထင်သလို မဟုတ်ပါဘူး။ အမှန်ကတော့

ဂူဂဲလ်ကို စ ထွင်ခဲ့သူ လယ်ရီပိတ်ချ်နဲ့ ဆာဂေဘရင် တို့က သူတို့ရဲ့ ရှာဖွေရေး အင်ဂျင်ကို အင်္ဂလိပ်လို Backrub လို့ မူလက အမည်ပေးခဲ့ပါတယ်။ တိုက်ရိုက် အဓိပ္ပာယ် ဆိုရင်တော့ ကျောကုန်းကို ပွတ်ပေးတဲ့အရာလို့ ပြန်ဆိုနိုင်မှာပါ။ တကယ်တမ်း အဲဒါက နှိပ်နယ် ပွတ်သပ် ပေးတဲ့ ဆိုလိုရင်း မဟုတ်ပါဘူး။ ကွန်ပျူတာ သင်္ချာနည်း အရ ဝက် စာမျက်နှာ တစ်ခုရဲ့ နောက်ကွယ်က လင့်တွေ အပေါ် တွက်ချက်ပြီး စာမျက်နှာတွေရဲ့ အရေးပါမှု အဆင့်အတန်း သတ်မှတ်ပေးတဲ့ စနစ်ကို ခေါ်တဲ့ ခေါ်တာပါ။

၃။ ခပ်ဆန်းဆန်းလေးတွေလည်း ပေးတတ်သူ

"askew" ဆိုတဲ့ စာလုံးကိုရှာလိုက်ရင် ဂူဂဲလ်စာမျက်နှာကလည်း စောင်းစောင်းလေးပြနေတာ တွေ့ရပါမယ်။
ဓာတ်ပုံ ပုံစာ, စိတ်မပူပါနဲ့။ ကိုယ့်မျက်လုံးတွေ စောင်းနေတာ မဟုတ်ပါဘူး။

ဂူဂဲလ်မှာတော့ စီးပွားရေးဆန်ဆန် လုပ်နေတာတွေချည်း ရှိတာမဟုတ်ပါဘူး။ ဆော့ကစားတတ်တဲ့ သဘော သဘာ ဝလေးတွေ၊ နောက်တောက်တောက် အပြုအမူလေးတွေလည်း တွေ့ရပါမယ်။ဒီတော့ "askew" ဆိုတဲ့ စကားလုံး ကို ဂူဂဲလ်မှာ ရှာကြည့်လိုက်ပါ။ ဘာတွေ့ရသလဲ ကိုယ့်ဟာကိုယ် သိလာပါမယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်က တပြေးညီ မဟုတ် သော၊ စောင်းသောလို့ ဆိုတဲ့ အတွက် ဂူဂဲလ်က ရှာပေးတဲ့ အဖြေမှာလည်း ခပ်စောင်းစောင်းလေး ပြထားတာ တွေ့ရမှာ ဖြစ်ပါတယ်။

၄။ ဆိတ်များ

ဂူဂဲလ်ဘက်ခြမ်းမှာတော့ မြက်တွေက ပိုစိမ်းစိုနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂူဂဲလ်ဘက်ခြမ်းမှာတော့ မြက်တွေက ပိုစိမ်းစို

ဂူဂဲလ်က စိမ်းလန်း စိုပြေဖို့ကို အားပေးတယ်လို့ ဆိုပါတယ်။ မြက်ရိတ်စက်ကို ဆိတ်နဲ့ လဲမယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယားက ဂူဂဲလ် ဌာနချုပ် က ကျယ်ပြန့်လှတဲ့ မြက်ခင်းတွေ ကို ပုံမှန် ဂရုစိုက် ထိန်းသိမ်းဖို့ လိုတယ်။ အဲဒီလို လုပ်နိုင်ဖို့ အကောင် ၂၀၀ လောက်ပါတဲ့ ဆိတ်အုပ်စုဟာ မကြာခဏ ဆိုသလို ဂူဂဲလ် ခြံ၀င်းထဲမှာ မြက်တွေ စားနေတာကို တွေ့ရနိုင်ပါတယ်။

၅။ ကြီးထွားလာနေတဲ့ လုပ်ငန်း

ဆိုရှယ် မီဒီယာကို ဘယ်သူ ပိုင်လဲ သိပါသလား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆိုရှယ် မီဒီယာကို ဘယ်သူ ပိုင်လဲ သိပါသလား

ဂျီမေးလ်၊ ဂူဂဲလ် မြေပုံ၊ ဂူဂဲလ် ဒရိုက်၊ ဂူဂဲလ် ခရုန်း စတာတွေကို ထပ်လောင်း ဖန်တီး ပေးခဲ့တာ ကြောင့် ဂူဂဲလ်ဟာ ၂၀၁၀ နောက်ပိုင်း အပတ်စဉ် ကုမ္ပဏီ တခုကို ဝယ်ယူနေ ပါတယ်။

ဒါကို လူတွေ သတိထားမိချင်မှ ထားမိမှာပါ။ ဒါပေမယ့် Android၊ Youtube၊ Waze နဲ့ AdSense တို့ကို ဂူဂဲလ်က ပဲ ပိုင်ဆိုင်တာ ဖြစ်ပြီး၊ အဲလို မျိုး တခြား ၇၀ လောက်ရှိပါသေးတယ်။

၆။ အထိမ်းအမှတ် ဒီဇိုင်း

ဂူဂဲလ် လိုဂို အတွက် ကျောင်းသားတွေကို ပြိုင်ပွဲ ကျင်းပပေးပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂူဂဲလ် လိုဂို အတွက် ကျောင်းသားတွေကို ပြိုင်ပွဲ ကျင်းပပေးပါတယ်

ဂူဂဲလ်ဟာ ကမ္ဘာပေါ်က အထိမ်းအမှတ်နေ့တွေ၊ အခမ်း အနားနေ့တွေ သမိုင်းဆိုင်ရာ နေ့တွေ အတွက် လိုဂိုမှာ ရုပ်ပုံ လေးတွေ ပုံဖော်ပေးပါတယ်။ ပထမဆုံး ပုံဖော်ထားတဲ့ ဒီဇိုင်းကတော့ ၁၉၉၈ ခုနှစ် သြဂုတ် လ ၃၀ ရက်ကပါ။

Burning Man အထိမ်း အမှတ် အတွက် ဂူဂဲလ် အင်္ဂလိပ် စာလုံး ဒုတိယ အို စာလုံးနောက်မှာ အမျိုးသားပုံလေး စတင် ထည့်ပေး တာ ဖြစ်ပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ အရေးပါတဲ့ နေ့တွေ အတွက် အခုလို လိုဂို ပြောင်းတာဟာ ဂူဂဲလ်ရဲ့ အထိမ်းအမှတ် တခုလို ဖြစ်လာခဲ့ပါတယ်။

၇။ တချို့အတွက် အခွင့်အရေး

ဝယ်ဖို့စဉ်းစားခဲ့ သူတွေ နောင်တ ရနိုင်
ဓာတ်ပုံ ပုံစာ, ဝယ်ဖို့စဉ်းစားခဲ့ သူတွေ နောင်တ ရနိုင်

၁၉၉၉ ခုနှစ်တုန်းက ဂူဂဲလ်ကို ဒေါ်လာ တစ်သန်းနဲ့ ပြန်ရောင်းဖို့ လုပ်ခဲ့ဖူး ပါတယ်။

ဒါပေမယ့် အဲဒီစျေးကို ထပ်ပြီး လျှော့ ပေမယ့် ဝယ်မယ့်သူ မရှိခဲ့ပါ။ အခုတော့ ဂူဂဲလ် တန်ဖိုးဟာ ဒေါ်လာ သန်း သုံးထောင် ရှိနေပါပြီ။

၈။ ဆောင်ပုဒ်

Close-up of "evil" and "angel" eggs, against blue background.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Play nice, kids

မမိုက်မဲပါနဲ့ ဆိုတာဟာ ဂူဂဲလ်ရဲ့ မူလ ပထမ ကတည်းက ဆောင်ပုဒ် တခု ဖြစ်ပါတယ်။

၉။ အစားအသောက်က အလျှံအပယ်

Sculptures of an Android and a cherry pie at at the entrance of Googleplex, Google's HQ in the south San Francisco bay area

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, There's always something to eat at Google's HQ

ဂူဂဲလ်ကို တွဲဖက်တည်ထောင်သူ တဦးဖြစ်တဲ့ Sergey Brin က ဂူဂဲလ်ရုံး တွေဟာ အစားအသောက်နဲ့ မီတာ ၆၀ အတွင်း ရှိသင့်တယ်လို့ ဟိုး ကနဦး တုန်းက ဆုံးဖြတ်ခဲ့ပါတယ်။ အစောပိုင်း အချိန်တွေ တုန်းက ဂူဂဲလ်ရဲ့ အကောင်းဆုံး မုန့်ကတော့ ဆွီဒင်ငါး ဆိုတဲ့ ငါးပုံ သကြားလုံးလေးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ခေတ်မှာတော့ ဂူဂဲလ် ဝန်ထမ်း တွေဟာ အစားအသောက် ကောင်းကောင်း အမျိုးစုံစွာနဲ့ အကောင်းစား ကော်ဖီ တို့ကို ရုံးမှာ ရနိုင်နေပါပြီ။

၁၀။ ဂူဂဲလ်ရဲ့ အကောင်းဆုံး မိတ်ဆွေ

ခွေးယူလာရင် ကိုယ့်ရုံးခန်းမှာပဲ ထားရမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခွေးယူလာရင် ကိုယ့်ရုံးခန်းမှာပဲ ထားရမယ်

ဂူဂဲလ် သုံးသူတွေ၊ ဂူဂဲလ်မှာ အလုပ်လုပ်သူတွေ အနေနဲ့ ဂူဂဲလ် အလုပ်နေရာကို လာရင် ခွေးတွေကို ယူလာခွင့် ပြုထား ပါတယ်။ ဒါပေမယ့် အသေအချာ သင်ကြား ပေးထားတာမျိုး ဖြစ်ရပါ့မယ်။ ရုံးမှာ ညစ်ပတ် ပေကျံတာမျိုး မဖြစ်စေရပါ။

၁၁။ ဆုကြေးအမှတ် ပေးတာရော သိပါသလား

ဂူဂဲလ် နဲ့ LEGO ကို မကြာခဏဆိုသလို တွဲဖက် မြင်ရလေ့ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂူဂဲလ် နဲ့ LEGO ကို မကြာခဏဆိုသလို တွဲဖက် မြင်

ဂူဂဲလ် ညွှန်းကိန်းဟာ အခုဆိုရင် ၁၉၉၉ ခုနှစ်ကထက် အဆ ၁၀၀ တက်သွားပါတယ်။ ဒီအတွက် တက်နှုန်းက အဆ တသောင်း ပိုမြန် လာတယ်လို့ ဆိုပါတယ်။

ဂူဂဲလ်ဟာ ပလတ်စတစ် တုံးလေးတွေနဲ့ ပုံဖော်တည်ဆောက်ရတဲ့ LEGO ဆိုတဲ့ ကလေးကစား စရာ ကုမ္ပဏီကို အင်မတန်မှ နှစ်သက်ပါတယ်။ ဒီအတွက် ပထမဆုံး ဂူဂဲလ် ကွန်ပျူတာ ကို ထည့်ဖို့ အတွက် LEGO အတုံးလေးတွေနဲ့ တည်ဆောက် ခဲ့ပါတယ်။