ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယတောင်ပိုင်း ရေကြီးမှု လူ ရာကျော်သေဆုံး
အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ခရယ်လား ပြည်နယ်မှာ ရာစုနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြောင့် လူတရာနီးပါး သေဆုံးခဲ့တယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။
ရေကြီးမှုဒဏ် အကြီးအကျယ်ခံနေရတဲ့ နေရာတွေကို စစ်တပ်က လှေတွေ ရဟတ်ယာဉ်တွေနဲ့ အရောက်သွား ကယ်ထုတ်နေရပါတယ်။
အမြင့်ပိုင်း ဒေသတွေဆီ ပြေးလာကြတဲ့ ထောင်သောင်းချီတဲ့ ရေဘေး ဒုက္ခသည်တွေကို စစ်တပ်က ရိက္ခာနဲ့ သောက်ရေသန့်တွေ ဝေငှပေးနေရပါတယ်။
စီးပွားရေး မြို့တော်လည်းဖြစ် ၊ သွားလာမှု အချက်အချာ ကျတဲ့ မြို့လည်းဖြစ်တဲ့ Kochi ကိုချီး က တချို့နေရာတွေမှာ ရေလွှမ်းနေလို့ ကားနဲ့ ရထား သွားလာမှု အခက်အခဲတွေ ဖြစ်ခဲ့ပါတယ်။
လေဆိပ်ကိုလည်း နောက်ထပ် ၁၀ရက်ပိတ်ထားအုံးမှာ ဖြစ်ပြီး ရှေ့လာမယ့် ရက်တွေမှာ ဒီထက်မိုးသည်းထန်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
အိန္ဒိယ နိုင်ငံ မြောက်ပိုင်းမှာလည်း လွန်ခဲ့တဲ့ ငါးနှစ်တုန်းက အခုလို ရေကြီးမှုတွေ ဖြစ်ပွားလို့ သောင်းနဲ့ ချီပြီး ပိတ်မိ နေကြတဲ့ လူတွေ အတွက် ကယ်ဆယ်ရေး ဆောင်ရွက် မှုတွေ အကြီး အကျယ် ပြုလုပ်ခဲ့ရ ပါတယ်။
အဲဒီ ဖြစ်ရပ်ကို နိုင်ငံတော် အကျပ် အတည်း ကြီး တခု အဖြစ် အိန္ဒိယ အစိုးရက ဖေါ်ပြ ပြောဆိုခဲ့ပါ တယ်။
ပိတ်မိ နေကြတဲ့ လူတွေကို လုံခြုံရေး တပ်ဖွဲ့တွေ ကနေ ရဟတ်ယာဉ် တွေနဲ့ ကယ်ထုတ် နေပေမယ့်လို့ လမ်းတွေ တံတားတွေ ပြန်ပြင်ဖို့ ကိုတော့ အတော် ခက်ခက် ခဲခဲ ကြိုးပမ်း ဆောင်ရွက် ခဲ့ရ ပါတယ်။
ရေကြီးတဲ့ ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ ရတဲ့ ဥတရာခန်း ပြည်နယ် မှာတော့ အသက် မသေဘဲ လွတ်မြောက်ခဲ့ သူတွေကို အထူး ရထား ပို့ဆောင်ရေး လိုင်းတခုနဲ့ ဘေးကင်း ရာကို သယ်ဆောင် ပေးခဲ့ဖူးပါတယ်။