ဂူ ထဲ ပိတ်မိသူတွေ ပြန်လွတ်ဖို့ ထိုင်းတွေ မျှော်ဆဲ

ဓာတ်ပုံ ရင်းမြစ်, Twitter@NawMoon
လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြဖြစ်သူတို့ ထိုင်းမြောက်ပိုင်းက ဂူ ထဲမှာ ပိတ်မိနေခဲ့တာဟာ အခုဆိုရင် ရက်သတ္တပတ် တပတ် နီးပါး ရှိလာခဲ့ပြီဖြစ်ပါတယ်။
သိရသရွေ့တော့ သူတို့ဟာ ဂူထဲကို စူးစမ်းသွားလာကြရင်းနဲ့ အခုလို ပျောက်ဆုံးနေတဲ့ အဖြစ်ကို ကြုံတွေ့ခဲ့ရတာပါ။
သူတို့ကို ရှာဖွေတဲ့ အစီအစဉ်တွေ အကြီးအကျယ် ပြုလုပ်ခဲ့ပေမယ့် ဂူအတွင်း ရေလွှမ်းနေတဲ့ အခြေအနေတွေက တနိုင်ငံလုံးကို စွဲဆောင်စရာ အခြေအနေ ဖြစ်ခဲ့ပါတယ်။
ဂူထဲပိတ်မိနေတဲ့ ကိစ္စဟာ အခုဆိုရင် ဆိုရှယ်မီဒီယာတွေအပေါ်မှာ မဖြစ်မနေ အပြောများတဲ့ ကိစ္စတရပ်ဖြစ်လာခဲ့ပြီး အားမလျှော့ဘဲ ရှာဖွေကြဖို့ အားပေးနေကြတာတွေကိုလည်း မြင်တွေ့လာရပါတယ်။
လူတွေ တော်တော်များများမှာ ဒီလိုပူပန်မှုတွေ မဖြစ်ခဲ့ဖူးဘဲ သူတို့ကို အမြန်ဆုံးပြန်တွေ့ချင်တဲ့ ဆန္ဒက အဲဒီအသက် ၁၁ နှစ်ကနေ ၁၆ နှစ်အရွယ်အကြား ပိတ်မိနေတဲ့ ကောင်လေးတွေ အတွက် တနိုင်ငံလုံးရဲ့ ပူပန်မှုအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်လို့ တဦးက ရေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Punch Somboonsri
တွစ်တာသုံးစွဲသူ တဦးကတော့ လူ ၁၃ ယောက် အိမ်ပြန်လာတာ ကျွန်တော်စောင့်မျှော်နေတယ်လို့ တဦးကလည်း ရေးထားသလို ထွက်လာကြပါ လူတိုင်းက သင့်ကိုစောင့်နေကြတယ်လို့လည်း ရေးထားပါတယ်။
ရှာဖွေမှုတွေ ပြီးဆုံးပြီး ၁၃ ယောက်စလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ ရှိနေတယ်ဆိုတဲ့ စကားကို ကျွန်တော်ကြားချင်ပါတယ်လို့လည်း တွစ်တာသုံးသူတဦးက ရေးသားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Namwoon Chitchanok
ဆိုရှယ်မီဒီယာ သုံးစွဲသူ တချို့ကတော့ အဲဒီလူငယ်လေးတွေ တောဝက်ထီး တကောင်အပေါ်မှာ တက်ထိုင်နေတဲ့ပုံကို ပြန်လည်မျှဝေမှုတွေ ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nanniekon
သူတို့ဟာ မိုလ်ပါရ် လို့ခေါ်တဲ့ ဘောလုံးအသင်းက ဖြစ်ပြီး အဲဒီဘောလုံးအသင်းရဲ့ နာမည်က တောဝက်ထီး လို့ အဓိပ္ပာယ်ရပါတယ်။
သူတို့ဟာ မယ်ဆိုင် ဒေသဘောလုံးအသင်းက ဖြစ်ပြီး ဘောလုံး လေ့ကျင့်ခန်းတွေနဲ့ နားနေအပန်းဖြေဖို့အတွက် အဲဒီ ဂူ ကို လာရောက်လေ့ရှိသူတွေလည်း ဖြစ်ပါတယ်။
ဇွန်လကနေ အောက်တိုဘာလအထိ မိုးတွင်းကာလမှာဆိုရင် အဲဒီဂူဟာ ၁၆ ပေ လောက်အထိ ရေဖုံးလွှမ်းလေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။
ဟတ်စ်တွဲထားတဲ့ အခြားပိုစ့်တခုကတော့ ၁၃ ယောက်သောက် မိုလ်ပါရ် ဘောလုံးအသင်းသားတွေ အသက်ရှင်ရမယ် မိုလ်ပါရ်အသင်းသားတွေ အိမ်ကို ပြန်လာနိုင်ကြပါစေလို့ပုံနဲ့ ရေးထားတဲ့ စာဟာ လူမှုကွန်ယက် မီဒီယာမှာ အတော်လေး ပျံ့နှံ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။
သူတို့ ဘောလုံးအသင်းရဲ့ ဂျာစီအင်္ကျီနဲ့ အသင်းခေါင်းဆောင်တို့ပုံကို တွစ်တာသုံးစွဲသူတဦး ကလည်း မျှဝေထားပြီး မကြာခင် ပြန်ဆုံရအောင် ဆိုပြီးလည်း ရေးသားထားတာပါ။
မယ်ဆိုင်က ဂူရဲ့ အဓိက ဝင်ပေါက်ကတော့ ရေဖုံးလွှမ်းနေပြီး ရေငုပ်ကျွမ်းကျင်သူတွေ ၊ ကယ်ဆယ်ရေးသမားတွေနဲ့ စစ်သည်တွေက အခြားနည်းသုံးပြီး ကယ်ဆယ်နိုင်ဖို့ နည်းလမ်းရှာဖွေနေကြပါတယ်။
ဂူအတွင်းက ရေမျက်နှာပြင်ကလည်း ဆက်လက် မြင့်တက်နေပြီး ကယ်ဆယ်ဖို့ ကြိုးစားမှုတွေအတွက် စိတ်ပျက်စရာ အခြေအနေမျိုးမှာ ရှိနေဆဲပါ။
ဂူထဲမှာ ပိတ်မိနေသလားဆိုတာ မသိရပေမယ့် ဂူထဲမှာ ခြေရာတွေ ရောရောထွေးထွေးနဲ့ တွေ့ထားခဲ့တဲ့အတွက် ဒီလူငယ်လေးတွေဟာ အသက်ရှင်နေနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပေါက်ဖွားစေပါတယ်။
အဲဒီလူငယ်လေးတွေဟာ ဂူထဲကို မသွားရောက်မီက သူတို့ပို့ထားခဲ့တဲ့ မက်ဆေ့ချ်တွေကို ကြည့်မယ်ဆိုရင် အစားအသောက်နဲ့ ဓာတ်မီးယူဖို့ ကိစ္စတွေလည်း ပါဝင်တာပါ။

ဓာတ်ပုံ ရင်းမြစ်, Romimjaebak
ကျွန်တော်ဟာ ဒီနိုင်ငံက လူတွေနဲ့အတူ မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့တယ်ဆိုရင်တောင် အဲဒီကိစ္စဟာ ဒီကနေ့တော့ ဖြစ်မှာ မဟုတ်ပါဘူး။ တိုင်းပြည်ဟာ အမြဲတမ်းမျှော်လင့်ချက် ရှိနေတယ်ဆိုတာ ဒီဖြစ်ရပ်ကတဆင့် ကျွန်တော့်ကို သိလာစေပါတယ်လို့ တွစ်တာသုံးစွဲသူ တဦးကလည်း ရေးသားထားပါတယ်။
ထိုင်းနိုင်ငံက ပြည်သူတွေဟာ မလိုမုန်းထားမှုတွေနဲ့ အာဃာတတွေကို ချန်ထားနိုင်ခဲ့ကြပြီး ကလေးတွေ ရှင်သန်နေနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံအတူလက်တွဲနေကြပါတယ်၊ ကျွန်တော့်အနေနဲ့ကတော့ သူတို့ အန္တရာယ်ကင်း ဘေးရှင်းစွာနဲ့ ရှိနေတယ်လို့ မျှော်လင့်ထားပါတယ်လို့လည်း တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jessy Isbad

ဓာတ်ပုံ ရင်းမြစ်, GIF








