ထရမ့် သူ့ကိုယ်သူ ပြန်ပြီး ကင်းလွတ်ခွင့် ပေးနိုင်

ဓာတ်ပုံ ရင်းမြစ်, MANDEL NGAN
ရုရှားက ၂ဝ၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြီး ခြေရှုပ်မှုကို စုံစမ်းရာမှာ စွပ်စွဲလာတာ မှန်သမျှ သမ္မတမှာ သူ့ကိုယ်သူ ပြန်ပြီး ကင်းလွတ်ခွင့် ပေးနိုင်တဲ့ အာဏာ ရှိနိုင်တယ်လို့ သမ္မတ ထရမ့်ရဲ့ ရှေ့နေက ဆိုပါတယ်။
မစ္စတာ ထရမ့် အနေနဲ့ ဒီလွတ်ငြိမ်းခွင့် အာဏာကို သုံးဖို့လည်း မလိုဘူး၊ သူ့မှာ ဘာအမှားအယွင်းမှ ကျူးလွန်ထားတာ မဟုတ်လို့ ဆိုပြီးလည်း အမေရိကန် ရုပ်သံနဲ့ မေးမြန်းခန်းမှာ ရှေ့နေ ရူဒီ ဂျူလီယာနီက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NICHOLAS KAMM
ထရမ့်ရဲ့ အာဏာရ ရီပတ်ဘလစ်ကန် ပါတီ ခေါင်းဆောင်တွေက သမ္မတ အနေနဲ့ သူ့ကိုယ်သူ လွတ်ငြိမ်းခွင့် မပေးသင့်ဘူးလို့လည်း ဝေဖန်နေပါတယ်။
ဒီလို ပေးလိုက်ရင် သမ္မတ ကို ချက်ချင်း စွပ်စွဲ ထုတ်ပယ်တာတွေ ဖြစ်လာနိုင်တယ် လို့ သူတို့က သတိပေးကြပါတယ်။
ဒီ အရှုပ်တော်ပုံကို စုံစမ်းရေး ဖွင့်ရာမှာ သမ္မတ အနေနဲ့ စုံစမ်း မေးမြန်းတာတွေကို လက်ခံမလား ဆိုတာကလည်း မေးစရာ ပဟေဠိ ဖြစ်နေသေးတယ်လို့ မစ္စတာ ဂျူလီယာနီက ဆိုပါတယ်။




