မန်ယူ နည်းပြဟောင်း ဖာဂူဆန် အရေးပေါ် ဆေးရုံတင်ထားရ

မန်ယူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန်ယူအသင်းကို ၁၉၈၆ ကနေ ၂၀၁၃ အထိ ကိုင်တွယ် အုပ်ချုပ်ခဲ့တဲ့ ဆာ အဲလက်စ် ဖာဂူဆန်

ဘောလုံးလောကမှာ အအောင်မြင်ဆုံးနဲ့ လူသိများ အထင်ရှားဆုံး ဘောလုံးအသင်းမန်နေဂျာတယောက် ဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန် ဟာ အရေးပေါ် ဦးနှောက် ခွဲစိတ် ကုသမှု ခံယူခဲ့ရပါတယ်။

မစ္စတာ ဖာဂူဆန်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နည်းပြအဖြစ် ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။

ခွဲစိတ်ကုသမှု အောင်မြင်စွာပြီးမြောက်သွားခဲ့ပေမယ့် အခုတော့ ဆာအဲလက်စ် ဟာ အရေးပေါ်မှာ အချိန်အနည်းငယ် နေရဦးမယ်လို့ မန်ယူ အသင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အသက် ၇၆ နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ ဖာဂူဆန်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နည်းပြ အဖြစ်ကနေ ၂၀၁၃ ခုနှစ်တုန်းက အငြိမ်းစား ယူခဲ့တာ ဖြစ်ပါတယ်။