နှစ်နိုင်ငံငြိမ်းချမ်းရေး ကင်ဂျုံအွန်း ဆောင်ရွက်နိုင်မလား

ဓာတ်ပုံ ရင်းမြစ်, AFP
ဆယ်စုနှစ်ကြာတင်းမာနေတဲ့မြောက်နဲ့တောင်ကိုရီးယားအကြားဆက်ဆံရေးကို ကျော်လွန်ပြီး တောင်ကိုရီးယားခေါင်းဆောင်နဲ့အတူ နယ်စပ်ကိုလက်ချင်း ဆက်ဖြတ်ကျော်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
အဲဒီလို ပြတ်ပြတ်သားသား ဖိတ်ခေါ်လိုက်တာဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ နှစ်နိုင်ငံငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်လား ဆိုပြီး မီဒီယာတွေက မေးခွန်းထုတ်ရေးသား ဖော်ပြကြပါတယ်။
မစ္စတာမွန်း မြောက်ကိုရီးယားရောက်ဖူး
တောင်ကိုရီးယား ခေါင်းဆောင် မစ္စတာမွန်းဟာ မြောက်ကိုရီးယားကို အရင်ကရောက်ဖူးတယ်လို့ဆိုပါတယ်။
မစ္စတာမွန်းဟာ၂ဝဝ၄ ခုနှစ်တုန်းက မိသားစုပြန်လည်တွေ့ဆုံပွဲခရီးစဉ်တခုမှာ သူ့အမေနဲ့အတူ မြောက်ကိုရီးယားကို သွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KOREA SUMMIT PRESS / POOL
သမိုင်းဝင်ဆွေးနွေးပွဲ တရုတ်ကြိုဆို
မြောက်နဲ့တောင်ကိုရီးယားထိပ်သီး ခေါင်းဆောင်နှစ်ယောက်ရဲ့ လက်ဆွဲနှုတ်ဆက်တာဟာ သမိုင်းဝင် အခိုက်အတန့် ဖြစ်ကြောင်း တရုတ်သတင်းစာ People's Daily က လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
တွေ့ဆုံပွဲမှာ မြောက်ကိုရီးယားခေါင်းဆောင်နှစ်ယောက်လုံးက အေးအေးဆေးဆေးရှိတယ်လို့ တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနတခုဖြစ်တဲ့ China Central Televesion (CCTV) ကလည်း သတင်း ထုတ်လွှင့် ခဲ့ပါတယ်။
ခေါင်းဆောင်ကြီးနှစ်ယောက်ရဲ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး တရုတ် သတင်းမီဒီယာတွေကလည်း အလေးပေး သတင်းရေးသား တင်ပြကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters










