လွတ်လာတဲ့ ကျောင်းသူတွေ သမ္မတကို သွားတွေ့

နိုင်ဂျီးရီးယား

ဓာတ်ပုံ ရင်းမြစ်, isaac linus abrak

ဓာတ်ပုံ ပုံစာ, ကျောင်းသူလေးတွေ လွတ်လာလို့ မိဘဆွေမျိုးတွေ ပျော်မြူးနေကြ

နိုင်ဂျီးရီးယား မှာပြန်ပေးဆွဲရာကနေ လွတ်မြောက်လာတဲ့ ကျောင်းသူ တရာကျော်ဟာ အဘူဂျာမြို့မှာ သမ္မတ မူဟာမဒူ ဘူဟာရီကို တွေ့ဖို့ သွားနေပါပြီ။

ကျောင်းသူလေးတွေဟာ ပြီးခဲ့တဲ့ လတုန်းက အိုင်အက်စ် စစ်သွေးကြွတွေဖမ်းသွားတာခံခဲ့ရပြီးနောက် မနေ့က ဗုဒ္ဓဟူးနေ့က ပြန်လွတ်မြောက် လာတာ ဖြစ်ပါတယ်။

သူတို့ကို နေရပ် Dapchi မြို့ ကနေ မိုင်ဒူဂရီ ကို ခေါ်ဆောင်သွားခံရတာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ ကျောင်းသူ တစ်ရာ့တစ်ယောက် ရှိပေမယ့် ငါးယောက်ကတော့ ဖမ်းခံရစဉ် သေဆုံးသွားတယ်လို့ ကျောင်းသူလေးတွေက ပြောပါတယ်။

ဒါ့အပြင် သူတို့ထဲက ခရစ်ယာန် ဘာသာဝင် ဖြစ်တဲ့ တယောက်တည်းသာ ကျောင်းသူလေးကိုတော့ ဆက်လက် ဖမ်းထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုခိုဟာရမ် စစ်သွေးကြွ တွေက ကျောင်းသူလေးတွေကို မော်တော်ယာဉ်တန်းနဲ့ ဒက်ပ်ချီမြို့ကို ပြန်ပို့ပေးခဲ့တာလို့ ကျောင်းသူတွေရဲ့ မိဘတွေက ပြောပါတယ်။