သီရိလင်္ကာမှာ ဆရာတော်ကြီး ဆင်နင်းခံရ

monk

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆရာတော် ဝိမလရသန

သီရိလင်္ကာမှာ ထင်ရှားတဲ့ ဆရာတော် တပါး သူ့ကျောင်းမှာတွင် ဆင်တကောင်က ရန်ရှာ တိုက်ခိုက်တာ ခံရလို့ ဆေးရုံမှာ ပျံလွန်တော်မူသွားပါတယ်။

သက်တော် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဆရာတော် ဝိမလရသန ဆင်ကို အစာကျွေးနေတုန်း ဆင်က သူ့ကို တွန်းလို့ လဲကျသွားတာ လို့လည်း ဆိုပါတယ်။

ဗီဒီယို ပုံစာ, တရုတ်ချေးငွေနဲ့ ဆောက်တဲ့ သီရိလင်္ကာဆိပ်ကမ်း
sri lanka

ဓာတ်ပုံ ရင်းမြစ်, M.A.PUSHPA KUMARA

ဓာတ်ပုံ ပုံစာ, သီရိလင်္ကာက ဗုဒ္ဓဘာသာဝင်တွေ

သီရိလင်္ကာက ဘုန်းကြီးကျောင်းတွေမှာ ဆင်ယဉ်တွေ မွေးထားလေ့ ရှိကြပြီး ဘုရားပွဲတွေမှာ ဒီဆင်တွေနဲ့ လှည့်လည်ကြတဲ့ ဓလေ့လည်း ရှိပါတယ်။

ဆင်အခွင့်အရေး ကာကွယ်စောင့်ရှောက်လိုသူတွေက ဒီလိုမွေးတာတွေ မလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် ဒီဆရာတော်ကြီး ရှိတုန်းက ဒီဓလေ့ကို ဆက်ထိန်းထားဖို့ တိုက်တွန်းလေ့ရှိခဲ့ပါတယ်။