ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ အိမ်ကို အုပ်စုဖွဲ့ ရန်မူ

ရိုဟင်ဂျာ
ဓာတ်ပုံ ပုံစာ, မွတ်ဆလင် ဆန့်ကျင်ရေး သီရိလင်္ကာ ဆန္ဒပြပွဲ

သီရိလင်္ကာ နိုင်ငံ ကိုလံဘို မြို့တော်မှာ ကုလသမဂ္ဂရဲ့ အကာအကွယ်နဲ့ နေနေကြရတဲ့ ရိုဟင်ဂျာ မွတ်ဆလင် အုပ်စုကို သူတို့ရဲ့ လုံခြုံရေး အတွက် နိုင်ငံတောင်ပိုင်းက ထိန်းသိမ်းရေး စခန်းတစ်ခုထဲ ရွှေ့ပြောင်း နေရာ ချပေးခဲ့ရတယ်လို့ သီရိလင်္ကာရဲတွေက ပြောပါတယ်။

အဲဒီ ရိုဟင်ဂျာ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ အိမ်ကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ လူအုပ်စု စီးနင်းဖို့ ကြိုးစား ခဲ့ကြပြီး၊ ဝင်ပေါက်တွေကို ဖျက်စီးတာ၊ မှန်ပြတင်းတွေကို ရိုက်ခွဲတာမျိုးတွေ ပြုလုပ် ခဲ့ကြတဲ့နောက် နေရာရွှေ့ပေး ခဲ့ရတာ ဖြစ်ပါတယ်။

လူ ၃၁ ယောက် ပါဝင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် အုပ်စုထဲ အများစုဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ဖြစ်ကြပါတယ်။

သူတို့ဟာ တတိယ နိုင်ငံတစ်ခုမှာ အခြေချဖို့ စောင့်နေကြရတာ ဖြစ်ပါတယ်။

အဲဒီ ရိုဟင်ဂျာတွေကို ပင်လယ်ထဲကနေ ပြီးခဲ့တဲ့ မေလတုန်းက သီရိလင်္ကာ ရေတပ်က ကယ်ဆယ် ထားရတာ ဖြစ်ပါတယ်။