ရော်ဘင်ဟို မုဒိမ်းမှုနဲ့ ထောင်ကျ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘရာဇီး ဘောလုံး သမား ရောဘင်ဟို ဟာ မုဒိမ်း မှု ကျူးလွန် ခဲ့တယ်လို့ စစ်ဆေး တွေ့ရှိ ရတာကြောင့် အီတလီ တရားရုံး က သူ့ကို ထောင်ဒဏ် ကိုးနှစ် ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။
ရော်ဘင်ဟို ဟာ လွန်ခဲ့တဲ့ လေးနှစ် လောက်က အေစီမီလန် အသင်းမှာ ကစားခဲ့စဉ်တုန်း က အယ်လ်ဘေးနီးယား အမျိုးသမီး တစ်ယောက် ကို အုပ်စုဖွဲ့ မုဒိမ်း ကျင့် ခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။
ရီးရဲလ် မက်ဒရက်၊ မန်ချက်စတာ စီးတီး အသင်း တို့ရဲ့ ကစားသမား လည်း ဖြစ်ခဲ့ဖူးသူ ရော်ဘင်ဟို ကတော့ သူ့ အနေနဲ့ အဲဒီ အမှုကိုကျူးလွန်း ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆို ခဲ့ပါတယ်။
ရော်ဘင်ဟို နဲ့ အတူ နောက်ထပ် လူငါး ယောက် ကိုလည်း မုဒိမ်းမှု တွေ နဲ့ ထောင်ဒဏ် အပြစ်ပေး ခဲ့တာ ဖြစ်ပါတယ်။
အီတလီ မှာ အဲဒီ့ ပြစ်ဒဏ် ကို ချက်ချင်း ကျခံ ရဖို့ မရှိဘဲ အယူခံ ဝင်နိုင်သေးတယ်လို့ ဥပဒေ ကျွမ်းကျင် သူတွေက ပြောဆို နေပါတယ်။
ရော်ဘင်ဟို ဟာ ဆန်းတို့စ် အသင်းနဲ့ ကြေးစား ဘောလုံး သမားဘဝ ကို စတင် ခဲ့သူပါ။
ရီးရဲလ် မက်ဒရစ် အသင်းမှာ လေးနှစ်ကြာ ကစားခဲ့ ဖူးပြီး အသင်းနဲ အတူ လာလီဂါ ချန်ပီယံ ဆု နှစ်ကြိမ် ဆွတ်ခူးခဲ့ဖူးပါတယ်။
၂ဝဝ၈ ခုနှစ် မှာ အင်္ဂလန် ဘောလုံး အသင်း မန်ချက်စတာ စီးတီး အသင်း ကို စံချိန်တင်ပြောင်းရွှေ့ ကြေး စတာလင် ပေါင် ၃၂ သန်း ခွဲ နဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာတော့ အသက် ၃၃ နှစ် အရွယ် ကစားသမားဟာ ဘရာဇီး ဘောလုံး အသင်း အသလက်တီကို မီနဲရိုးမှာ ကစားနေပါတယ်။








