Brexit ကြောင့် အလုပ်အကိုင် ၇၅,ဝ၀ဝခန့် ဆုံးရှုံးနိုင်

Brexit ကြောင့် အလုပ်အကိုင် ၇၅,ဝ၀ဝခန့် ဆုံးရှုံးနိုင်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, Brexit ကြောင့် အလုပ်အကိုင် ၇၅,ဝ၀ဝခန့် ဆုံးရှုံးနိုင်

Brexit လို့ခေါ်တဲ့ ယူကေအနေနဲ့ အီးယူအဖွဲ့က ထွက်သွားတဲ့ အတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု အလုပ်အကိုင် လုပ်ငန်းပေါင်း ၇၅,ဝ၀ဝ ခန့် ဆုံးရှုံးနိုင်ပါတယ်။

တိကျသေချာတဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ မရှိပေမယ့် ဒါဟာဖြစ်နိုင်ချေရှိတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။

ဒီကိန်းဂဏန်းဟာ ယူကေရဲ့ Brexit အလွန်ကာလ ဥရောပနဲ့ ကုန်သွယ်ရေး ဆက်နွယ်မှုအပေါ်အခြေခံပြီး ပြောင်းလဲနိုင်ပါတယ်။

ဒါပေမယ့် အလုပ်အကိုင် ဆုံးရှုံးမှုတွေကတော့ သိသိသာသာ ရှိနိုင်ပါသေးတယ်။ အလုပ်အကိုင် အတော်များများက ဥရောပကို ရောက်သွားဖို့ ရှိပါတယ်။

အင်္ဂလန်ဘဏ်အနေနဲ့ ဘဏ်တွေ၊ ငွေကြေးဆိုင်ရာလုပ်ငန်းတွေကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းတွေအရ ဥရောပနဲ့ ကုန်သွယ်မှု လုပ်ဆောင်ရမယ့် အခြေအနေအတွက် အရေးပေါ် အစီအမံတွေ လုပ်ထားဖို့ ပြောထားပါတယ်။

ယူကေအခြေစိုက်ဘဏ်တွေအနေနဲ့ ဥရောပအတွင်း ဝန်ဆောင်မှုတွေကို ဆုံးရှုံးနိုင်ပါတယ်။

အီးယူအနေနဲ့လည်း နေရာဒေသ အခြေခံတဲ့ လုပ်ငန်းစည်းမျဉ်းတွေကို ချမှတ်နိုင်ပါတယ်။

ဒီကုန်သွယ်မှုတွေဟာ ပဲရစ် ဒါမှမဟုတ် ဖရန့်ဖတ် ကိုပြောင်းသွားနိုင်တယ်လို့ ယူဆနိုင်ပါတယ်။