ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်နိုင်ငံထဲ အိန္ဒိယ ကျူးကျော်လို့ တရုတ် စွပ်စွဲ
တရုတ်နိုင်ငံရဲ့ နယ်မြေထဲကို အိန္ဒိယ နိုင်ငံက ကျူးကျော် လာနေတယ်လို့ တရုတ်နိုင်ငံက စွပ်စွဲလိုက်ပြီး ဒါကို ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယ နယ်ခြားစောင့် တပ်တွေဟာ ဘေဂျင်းမြို့တော်မှာ ရှိတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့တွေဟာ ဆစ်ကင် ပြည်နယ်ကနေ ဟိမဝန္တာ တောင်ဖြတ်လမ်း ကို ဖြတ်ပြီး တိဘက် ဒေသထဲ ဝင်လာခဲ့တယ်လို့ ပြောပါတယ်။
အခုတော့ အဲဒီလမ်းကြောင်းကိုသုံးပြီး တိဘက်က ဘာသာရေးနဲ့ဆိုင်တဲ့ နေရာတွေကို လာတဲ့ အိန္ဒိယ ဘုရားဖူးတွေရဲ့ ခရီးစဉ်တွေကို တားမြစ်ထားတယ်လို့တရုတ်နိုင်ငံဘက်က ပြောပါတယ်။
အိန္ဒိယ အစိုးရ ဘက်ကတော့ တုံ့ပြန်ခြင်း မရှိသေးပါဘူး။