ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန် တိုက်ခိုက်မှု ဆော်ဒီနဲ့ အမေရိကန် ပါတယ်လို့ အီရန်စွပ်စွဲ
အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ ရှိတဲ့ ပါလီမန်အဆောက်အအုံနဲ့ အီရန်ခေါင်းဆောင် အယာတိုလာ ခိုမေနီရဲ့ ဂူဗိမာန်ကို တိုက်ခိုက်ခဲ့မှုတွေမှာ ဆော်ဒီ အာရေဗျနဲ့ အမေရိကန်တို့ ပါဝင်ပတ်သက်နေတယ် ဆိုပြီး အီရန် လက်ရွေးစင် တပ်ဖွဲ့က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ဆော်ဒီ အာရေဗျနိုင်ငံက ဒီတိုက်ခိုက်မှုမှာ သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
IS အစ္စလာမစ်နိုင်ငံ အဖွဲ့ကတော့ သူတို့ လက်ချက်လို့ ပြောပါတယ်။
အီရန်ထောက်လှမ်းရေး ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ်တဦးက အစိုးရ ရုပ်မြင်သံကြားကို ပြောရာမှာတော့ အဲဒီသေနတ်သမားတွေကို အီရန်နိုင်ငံတွင်းမှာ ရှိတဲ့ IS လက်နက်ကိုင်တွေက ခန့်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့သူ ၁၂ဦးအတွက် ဝမ်းနည်းကြောင်း သမ္မတထရမ့်က ထုတ်ဖော်ပြောခဲ့ပေမယ့် တချိန်တည်းမှာ အကြမ်းဖက်ဝါဒကို အားပေး အားမြှောက်လုပ်တဲ့ နိုင်ငံတွေအနေနဲ့ ဒီအကြမ်းဖက်ဝါဒကြောင့်ပဲ ကိုယ်ပြန်ထိခိုက်ခံရမယ့် အန္တရာယ် ရှိနေတယ်လို့ သတိပေး ပြောသွားခဲ့ပါတယ်။