ဗြိတိန်ပါလီမန် အကြမ်းဖက်တိုက်ခိုက်မှု အမျိုးသမီး တဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, AP
လန်ဒန် မြို့လယ် ဝက်မင်စတာ တံတား တိုက်ခိုက်မှုမှာ အမျိုးသမီး တဦး သေဆုံးသွား ခဲ့ရပါတယ်။
ဗြိတိန် ပါလီမန် မှာ ရဲ တဦးလည်း ဓား ထိုးခံရပြီး ဒီဖြစ်ရပ်ဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီ ဓားနဲ့ တိုက်ခိုက် သူဟာ အစောပိုင်း တုန်းက ဝက်မင်စတာ တံတား ကို ကားနဲ့ ဖြတ်မောင်း လာပြီး ဘေး ခြံစည်းရိုး တွေတိုက်ကာ ပါလီမန်ထဲ ပြေး၀င်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ရဲ တဦးကို ဓားနဲ့ ထိုးခဲ့တာပါ။
ဝန်ကြီးချုပ် ထရီဇာမေ ကတော့ ဘေးကင်း လုံခြုံစွာ ရှိတယ်လို့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် နေအိမ်ကနေ ပြောပါတယ်။
အခုလို အဖြစ်အပျက် အတွင်း သေနတ်သံ ကြားလိုက်ရတဲ့ အချိန်မှာတော့ ဝန်ကြီးချုပ် ထရီဇာ မေဟာ ငွေရောင် ကား တစီးနဲ့ တနေရာကို ထွက်ခွာသွားတာ တွေ့ခဲ့ရပါတယ်။
ပါလီမန် အမတ်တွေ ရဲ့ ပြောကြားချက်အရ သေနတ်သံ သုံး လေး ချက် ကြားလိုက်ရတယ်လို့ ဆိုပါတယ်။ ပါလီမန် အထဲမှာ ရှိတဲ့ သူတွေကိုလည်း အထဲမှာ ပဲ နေကြဖို့ မှာကြားထားပါတယ်။




