ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် နိုင်ငံထဲ ဝင်လာသူတွေကို အသေအချာ စိစစ်ဖို့ သမ္မတ ထရမ့် ညွှန်ကြား
အမေရိကန် သမ္မတ ထရမ့်က မွတ်ဆလင်တွေ အများစုနေထိုင်တဲ့ နိုင်ငံ၇နိုင်ငံက လူတွေကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တဲ့ သူ့ရဲ့ ကန့်သတ်မိန့် ဆိုင်းငံ့ခံထားရဆဲမှာပဲ အမေရိကန် နိုင်ငံထဲ ဝင်လာသူတွေကို အသေအချာ စိစစ်ဖို့ နယ်စပ် တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ညွှန်ကြားလိုက်ပါတယ်။
ပြည်၀င်ခွင့် ကန့်သတ်မိန့်ကို ကန့်ကွက်တားဆီးခဲ့တဲ့ တရားရုံးတွေဟာ အမေရိကန် နိုင်ငံရဲ့ နယ်စပ်တွေ လုံခြုံမှု ရှိရေးကို ခက်ခဲအောင် လုပ်နေကြတာလို့ သမ္မတ ထရမ့်က ပြောကြားလိုက်ပြီး မူလ တရားရုံး ဆုံးဖြတ်မိန့်ကို နောက်ကွယ်ကနေ စီစဉ်ခဲ့တဲ့ တရားသူကြီးတွေဟာ တိုင်းပြည် ဒုက္ခရောက်အောင် လုပ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
တကယ်လို့ တခုခုသာ ဖြစ်ခဲ့မယ် ဆိုရင် အဲဒီ တရားသူကြီးတွေနဲ့ တရားရုံးတွေအပေါ် အပြစ်ပုံချရလိမ့်မယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။
သမ္မတ ထရမ့်ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မိန့်ကို ချက်ချင်း ပြန်အတည်ပြုဖို့ အစိုးရရဲ့ ပန်ကြားချက်ကို ဖယ်ဒရယ် အယူခံတရားရုံးက အစောပိုင်းတုန်းက ပယ်ချခဲ့ပါတယ်။
တရားရေး ဌာနအနေနဲ့ တနင်္လာနေ့ နေ့လည် မတိုင်ခင် တုန့်ပြန် အယူခံခွင့် ရှိမှာ ဖြစ်ပါတယ်။