ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလက်ပိုက အဓိက နယ်မြေကို အစိုးရတပ်တွေ သိမ်းပိုက်
ဆီးရီးယား နိုင်ငံ၊ အလက်ပိုမြို့ အရှေ့ပိုင်းမှာ သူပုန်တွေ လက်ထဲက အရေးပါတဲ့ နယ်မြေတစ်ခုကို ဆီးရီးယား အစိုးရတပ်တွေက သိမ်းပိုက် လိုက်တယ်လို့ သိရပါတယ်။
အလက်ပိုမြို့ အရှေ့ပိုင်းက Sakhour ဆာဟူးဝါး ရပ်ကွက်ကို အစိုးရတပ်တွေ သိမ်းလိုက်တဲ့အတွက် သူပုန်တွေ သိမ်းထားတဲ့ နယ်မြေတွေကို နှစ်ပိုင်း ကွဲသွားစေတယ်လို့ ဆိုပါတယ်။
အစိုးရ တပ်တွေက မိုင်းဗုံးတွေ ရှင်းလင်းပြီးနောက် ထိုးစစ်တွေ ဆက်လုပ်နေတယ်လို့ ဆီးရီးယား အစိုးရ ရုပ်သံက ထုတ်ပြန် ကြေညာပါတယ်။
ပြင်းထန်တဲ့ တိုက်ပွဲတွေ အခု သီတင်းပတ်အကုန်မှာ ဖြစ်ပွားခဲ့ပြီးနောက် အရပ်သားတွေလည်း ထောင်နဲ့ချီ ထွက်ပြေး ခဲ့ကြပါတယ်။
သူပုန်တွေ အရင်က သိမ်းထားခဲ့တဲ့ အလက်ပိုမြို့ အရှေ့ပိုင်း နယ်မြေရဲ့ သုံးပုံတစ်ပုံကျော် လောက်ကို အခု လက်လွှတ် လိုက်ရပြီလို့ ဆီးရီးယား အရေး စောင့်ကြည့်တဲ့ အဖွဲ့က ပြောပါတယ်။