ကလော့ပ်ရဲ့ လီဗာပူးလ်ဟာ ကံကောင်းနေလို့ ထိပ်ကို ရောက်နေတာပါ - မော်ရင်ညို

ဓာတ်ပုံ ရင်းမြစ်, AFP
အင်္ဂလန် ဘောလုံးလောထဲ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး နှစ်သင်းရဲ့ ဒါဘီပွဲကို ဒီကနေ့မှာ ကစားကြ တော့မှာပါ။ အမှတ်ပေးချန်ပီယံ ၃၈ကြိမ်အထိ ရထားကြတဲ့ ဒီနှစ်သင်းဟာ ဆုဖလားတွေ အားလုံးကို ပိုင်ဆိုင်ထားကြတဲ့ အသင်းပီပီ ကမ္ဘာ့ ဘောလုံး လောကအတွင်း ပရိသတ် အကြည့်များဆုံး ပွဲတွေထဲက တစ်ပွဲ ဖြစ်ပါတယ်။ ဒီပွဲမတိုင်မီ လက်ရှိ ရာသီအနေအထားအရ ယာဂမ်ကလော့ပ်ရဲ့ လီဗာပူးလ်က ၁၆ပွဲအပြီးမှာ ဇယားထိပ်မှာ ရပ်တည်းနေပြီး ယူနိုက်တက်ကို ၁၈မှတ်အထိ ဖြတ်ထားပါတယ်။ မော်ရင်ညိုကတော့ သူ့အသင်းအပေါ် ယုံကြည်မှု ရှိနေသလို ဒီပွဲမတိုင်မီမှာလည်း ပြိုင်ဖက် လီဗာပူးလ်အသင်းအပေါ် အခုလို ဝေဖန်ခဲ့ပါတယ်။
လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်ပွဲမတိုင်မီ ဂျိုဇေ မော်ရင်ညိုက " လီဗာပူးလ်ဟာ ဒီနှစ်ရာသီမှာ သူတို့ရဲ့ ရာသီ အစ အကောင်းဆုံးခြေစွမ်းကို ရနေပါတယ်။ ဒါပေမယ့် လီဗာပူးလ် အခုလို အခြေအနေမျိုးကို ရောက်နေတာဟာ ကံကောင်းမှုတွေကြောင့်သာ ရောက်နေတာပါ၊ သူတို့အသင်းဟာ သူတို့ကိုယ်သူတို့ အရမ်းယုံကြည်မှုရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အမှတ်ပေး ဇယားထိပ်ဆုံးမှာ ရှိနေလို့ အစစအရာရာ အဆင် ပြေနေလို့ သူတို့ကိုယ်သူတို့ ကံကောင်းနေကြသူတွေလို့ ထင်နေကြပါတယ်။ မာဆေးလ် ဆိုဒ် ဒါဘီပွဲမှာ သူတို့ ဘယ်လို အနိုင်ရခဲ့တယ်၊ ဘွန်းမောက်နဲ့ ပွဲတုန်းက လူကျွံဘောကနေ ဘယ်လို အဖွင့်ဂိုး ရခဲ့တယ်ဆို သူတို့ကိုယ်တိုင် သိပါတယ်။ ချန်ပီယံလိဂ်ပွဲမှာဆိုရင်လည်း ပွဲပြီးခါနီး စက္ကန့်အပိုင်းအလိုမှာ ပြိုင်ပွဲကနေ ထွက်ရလုနီးပါးဖြစ်ခဲ့ပြီးမှ ကံကောင်းခဲ့တာ " လို့ ဆိုခဲ့တာပါ။
လက်ရှိ လီဗာပူးလ်အသင်းဟာ မော်ရင်ညို ဆုံတွေ့ဖူးတဲ့ လီဗာပူးလ် အသင်းတွေထဲ အကောင်းဆုံး အသင်းဖြစ်ပေမယ့် ယာဂမ်ကလော့ပ်ရဲ့အသင်းဟာ အင်္ဂလန်မှာ အခုချိန် အထိ ဘာအောင်မြင်မှုမှ မရသေးတဲ့ အသင်းလို့ ဝေဖန်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ လီဗာပူးလ်ရဲ့ ထိပ်တိုက်ဆုံတွေ့တဲ့ ရလဒ်ပိုင်းတွေ အရ မန်ယူဟာ နောက်ဆုံး ၈ပွဲစလုံးကို မရှုံးအောင် ကစားထားပြီး ၅ပွဲနိုင်၊ ၃ပွဲသရေရထားပါတယ်။ ဒီရလဒ်ပိုင်းတွေကို လီဗာပူးလ် အသင်းအနေနဲ့ လေစားသမှု ရှိမယ်လို့ ထင်ပါတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်ဟာ ယူနိုက်တက်နဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ပွဲစလုံးကို အနိုင်ရ အောင်စွမ်းဆောင်နိုင်ခြင်းမရှိသလို အန်းဖီးလ်မှာ ကန်ခဲ့တဲ့ ၄ပွဲမှာ ၂ပွဲသရေ၊ ၂ပွဲ ရှုံးထားပါတယ်။ အကောင်းဆုံး ပုံစံရနေတဲ့ လီဗာပူးလ်တို့ ဒီတစ်ကြိမ် ယူနိုက်တက်ကို အနိုင်ယူနိုင်မလား မကြာခင်တွေ့ ရတော့မှာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
ကလာ့ပ် နဲ့လီဗာပူးလ် မှတ်တမ်း
ပွဲပေါင်း - ၁၇၈ပွဲ ၊ ၉၇နိုင်၊ ၄၇သရေ၊ ၃၄ပွဲရှုံး
လိဂ်ဖလား - ဒုတိယ ( ၂၀၁၅-၁၆)
ယူရိုပါလိဂ် - ဒုတိယ ( ၂၀၁၅-၁၆)
ချန်ပီယံလိဂ် - ဒုတိယ ( ၂၀၁၇-၁၈)

ဓာတ်ပုံ ရင်းမြစ်, AFP
မောင်ရင်ညို နဲ့ မန်ယူမှတ်တမ်း
ပွဲပေါင်း - ၁၄၃ပွဲ၊ ၈၄ပွဲနိုင်၊ ၃၂ပွဲသရေ၊ ၂၇ပွဲရှုံး
လိဂ်ဖလား - ၁ကြိမ် ( ၂၀၁၆-၁၇)
ယူရိုပါလိဂ် - ၁ကြိမ် ( ၂၀၁၆-၁၇)
ကွန်မြူနတီဒိုင်း - ၁ကြိမ် ( ၂၀၁၆

ဓာတ်ပုံ ရင်းမြစ်, AFP
လိဂ်မှာ နောက်ဆုံး ၈ပွဲ ဆုံတွေ့မှာ
၂၀၁၄-၁၅
မန်ယူ ၃-ဝ လီဗာပူးလ်
လီဗာပူးလ် ၁-၂ မန်ယူ
၂၀၁၅-၁၆
မန်ယူ ၃-၁ လီဗာပူးလ်
လီဗာပူးလ် ဝ-၁ မန်ယူ
၂၀၁၆-၁၇
မန်ယူ ၁-၁ လီဗာပူးလ်
လီဗာပူးလ် ဝ-ဝ မန်ယူ
၂၀၁၇-၁၈
လီဗာပူးလ် ဝ-ဝ မန်ယူ
မန်ယူ ၂-၁ လီဗာပူးလ်
၂၀၁၈-၁၉
လီဗာပူးလ် - မန်ယူ ?
မန်ယူ - လီဗာပူးလ် ?








