ထားဝယ်ဇုန် စီမံကိန်း ကိစ္စ အစိုးရသစ်ကို သတိပေး

dawei

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပြည်ပ စိတ်ဝင်စားတဲ့ ထားဝယ် စီးပွားရေး ဇုန်

ထားဝယ် အထူး စီးပွားရေး ဇုန် စီမံကိန်း ကြောင့် လူအခွင့်အရေး ချိုးဖောက် မှု တွေ ရှိ ခဲ့တဲ့ အတွက် စီမံကိန်း ကြောင့် ထိခိုက်မှု ရှိတဲ့ ရွာ ၂၂ ရွာ ကို လေ့လာတဲ့ အစီရင်ခံစာ ကို ထားဝယ် ဖွံ့ဖြိုးရေး အဖွဲ့က ရန်ကုန် မှာ မတ်လ ၇ ရက်က ထုတ်ပြန် လိုက်ပါတယ် ။

လက်ရှိ အစိုးရ လက်ထက် စီမံကိန်းမှာ မြေယာ သိမ်းဆည်းမှု၊ လျော်ကြေးငွေ ကိစ္စနဲ့ လူမှုရေး ပြဿနာတွေ ရှိခဲ့လို့ ဒီ ချိုးဖောက်မှု တွေ ကို သတိပေး ထောက်ပြ ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အစိုးရ က အရေးယူ ဆောင်ရွက် ပေးမှု မရှိခဲ့ လို့ နောက် အစိုးရ ကို အသိ ပေးဖို့ ခုလို ထုတ်ပြန်တာလို့ အစီရင်ခံစာ ပြုစုသူ ထားဝယ် ဖွံ့ဖြိုးရေး အဖွဲ့ က ဒါရိုက်တာ ကိုသန့် စင် က ပြောပါတယ် ။

ထုတ်ပြန် လိုက်တဲ့ “လူထုကြားမှ အသံများ” အစီရင်ခံစာမှာ စီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်တဲ့ သတင်း အချက် အလက် ရရှိမှု၊ ပါဝင် ဆွေးနွေးနိုင်ခွင့် နဲ့ အသက်မွေး ဝမ်းကျောင်း ထိခိုက်မှု စတဲ့ ကဏ္ဍတွေ ပါပါတယ်။

ဒီ စီမံကိန်း ရပ်ဆိုင်း ထားတုန်း ပြင်စရာ ရှိတာတွေ ပြုပြင် နိုင်အောင် ဒီလို အသိပေး တာလို့ လည်း ဆိုပါတယ်။

ရေနက် ဆိပ်ကမ်း နဲ့ တခြား စက်မှုဇုန်တွေ ပါတဲ့ ဒီစီမံကိန်းမှာ ဂျပန်၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ ရင်းနှီး မြှုပ်နှံမှုတွေ ပါဝင်တယ် လို့ သိရပါတယ်။