ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် နိုင်ငံရေးမူဘောင်တွေ ချမှတ်

nca
ဓာတ်ပုံ ပုံစာ, နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြ

အင်္ဂါနေ့က ဆက်လက်ကျင်းပ ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီ UPDJC အစည်းအဝေး ကနေ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် နိုင်ငံရေးမူဘောင်တွေ ကို အတည်ပြု ချမှတ်နိုင်ခဲ့ပါတယ်။

နိုင်ငံရေးမူဘောင်တွေ ထဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေ ကို နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး စတဲ့ ကဏ္ဍတွေ အလိုက် ခွဲပြီး ထားသလို တက်ရောက်ဆွေးနွေးမယ့် သူများ အဖြစ် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ က ကိုယ်စားလှယ် ၁၅၀ ဦး၊ နိုင်ငံရေးပါတီတွေ က ၁၅၀ ဦး၊ တပ်မတော် က ၁၅၀ ဦး၊ လွှတ်တော်နဲ့အစိုးရ က ၇၅ ဦးစီ၊ တခြားဖိတ်ကြားသင့်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ ဦး၊ တတ်သိ ပညာရှင်တွေ ဘက်က ၅၀ ဦး စသဖြင့် စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ ဦး တွေ့ဆုံ ဆွေးနွေးကြမှာပါ။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် မရေးထိုးထားတဲ့အဖွဲ့တွေ လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါ၀င်လာအောင် အခု ငြိမ်းချမ်းရေး ဖြစ်စဉ် မှာ လမ်းဖွင့်ပေးထားတယ် လို့ လည်း UPDJC က ဒေါက်တာအေးမောင် က ဘီဘီစီ ကို ပြောပါတယ်။