ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ

ဓာတ်ပုံ ရင်းမြစ်, Union Election Commission
ပါတီအမည်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ
Shan Nationalities League for Democracy
ပါတီ ဥက္ကဋ္ဌ
ဦးခွန်ထွန်းဦး
ယှဉ်ပြိုင်မည့်နေရာ
၁၅၆ နေရာ။ ပြည်သူ့လွှတ်တော် ၄၆ နေရာ။ အမျိုးသားလွှတ်တော် ၁၄ နေရာ။ တိုင်းနဲ့ပြည်နယ် လွှတ်တော် ၉၆ နေရာ။
ပါတီမူဝါဒ
ဒီမိုကရေစီ စနစ်နဲ့အညီ ကျင့်သုံးသော ဖက်ဒရယ် ပြည်ထောင်စုစနစ် ထူထောင်ရေး။
ပါတီဝင်အင်အား
လေးသောင်းကျော်
ပါတီနောက်ခံသမိုင်း
၁၉၈၈ တွင် စတင်ဖွဲ့စည်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပြီးလျှင် ဒုတိယအများဆုံး ရွေးချယ်ခံခဲ့ရသည်။ ၂၀၀၅ တွင် ပါတီခေါင်းဆောင် များအား အခြားအကြောင်းပြချက်များဖြင့် ဖမ်းဆီး တရားစွဲလျက် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်ခဲ့သည်။၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ခဲ့ပြီး ရွေးကောက်ပွဲ မဝင်ခဲ့ပေ။ ထို့ကြောင့် ပါတီမှတ်ပုံတင် ပယ်ဖျက်ခံရသည်။ ပါတီလှုပ်ရှားမှုတော့ ရပ်တန့်မသွားပါ။ ၂၀၁၂ တွင် ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာသောကြောင့် ပါတီကို ပြန်လည် မှတ်ပုံတင်ခဲ့သည်။
ပါတီနယ်မြေ
ပြည်ထောင်စုတဝန်းလုံး
ပါတီရုံးချုပ် တည်ရှိရာ
အမှတ်(၂၆)၊ ပြည်လမ်း၊ (၉)မိုင်၊ (၅)ရပ်ကွက် မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ။
ဆက်သွယ်ရန်
၀၉-၇၃၂၂၅၅၆၄ (ဦးခွန်ထွန်းဦး)၊ ၀၉-၇၃၂၄၁၅၈၇ ဦးစိုင်းညွန့်လွင်








