NCCT နဲ့ MPC အလွတ်သဘော တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, nyo ohn myint MPC
တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် ချုပ် ဆိုနိုင်ရေး အတွက် အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု အဖွဲ့ ဖြစ်တဲ့ NCCT အကြား ဆွေးနွေးပွဲ ပြန်စ နိုင်ဖို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC က ကိုယ်စားလှယ် တွေ နဲ့ NCCT တို့ စနေနေ့ က ထိုင်းနိုင်ငံ ချင်းမိုင် မြို့ မှာ အလွတ်သဘော တွေ့ဆုံ ခဲ့ကြပါတယ်။
စာချုပ် သက်သက် အရ ဆိုရင် တော့ ဆွေးနွေး လက်စ တွေ အရ ညှိနှိုင်း စရာ အချက် တွေ သိပ် မကျန် တော့ ပေမယ့်၊ ကချင် ပြည်နယ် နဲ့ ရှမ်းပြည် မြောက်ပိုင်း မှာ တိုက်ပွဲ တွေ ဖြစ်ပေါ် လာခဲ့တဲ့ အတွက် အချိန်ယူ ဆွေးနွေး ပြီး ယုံကြည်မှု ပြန်လည် တည် ဆောက် ရမယ့် အခြေအနေ ဖြစ်လာခဲ့တယ် လို့ NCCT အဖွဲ့ဝင် ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ဘီဘီစီ ကို ပြောပါတယ်။
မတ်လလယ် မှာ ဆွေးနွေးပွဲ ပြန်စဖို့ ၂ ဘက် သဘောတူ ထားကြောင်း လည်း ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ဆိုပါတယ်။
တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် ရေးထိုးတဲ့ အခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး ဘယ်အဖွဲ့ ကို မှ ချန်ထားခြင်း မရှိပဲ ပါဝင် လက်မှတ် ရေးထိုးနိုင် ဖို့ NCCT အနေနဲ့ မူဝါဒ ထားရှိကြောင်း ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ပြောပါတယ်။




