Lake Garden မှာ ကယ်ရီ တည်းခိုခဲ့မှု ဝေဖန်ခံရ

ဂျွန်ကယ်ရီ နေပြည်တော်မှာ အာဆီယံ ထိပ်သီး အစည်းအဝေး တက်ခဲ့စဉ်။
ဓာတ်ပုံ ပုံစာ, ဂျွန်ကယ်ရီ နေပြည်တော်မှာ အာဆီယံ ထိပ်သီး အစည်းအဝေး တက်ခဲ့စဉ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ အဖွဲ့ မြန်မာနိုင်ငံကို ရောက်စဉ်က နေပြည်တော်မှာ တည်းခိုခဲ့တဲ့ Lake Garden ဟိုတယ်ဟာ အမေရိကန် အစိုးရက ဆန်ရှင်ချ ပိတ်ဆို့ အရေးယူထားတဲ့ ဇော်ဇော် ရဲ့ Max Myanmar Group ပိုင်တဲ့ ဟိုတယ် ဖြစ်နေလို့ အမေရိကန် ဥပဒေကို ချိုးဖောက် သလားလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာန ကတော့ ဂျွန်ကယ်ရီဟာ မြန်မာ အစိုးရက ထားပေးတဲ့ ဟိုတယ်မှာ နေရတာ ဖြစ်ပြီး ဟိုတယ် နဲ့ ခရီးသွားလာမှုတွေဟာ ဆန်ရှင် ကန့်သတ်မှုတွေမှာ မပါဘူးလို့ ပြန်လည် တုန့်ပြန်ထားပါတယ်။

အမေရိကန်ဖက်က မြန်မာ အပေါ် ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ပေးတာ တချို့ ရှိပေမယ့် အရင် စစ်အစိုးရနဲ့ ဆက်စပ် ပတ်သက်ပြီး စီးပွားဖြစ်ခဲ့တဲ့ လုပ်ငန်းရှင်ကြီး တချို့ကိုတော့ ပိတ်ဆို့ အရေးယူမှုတွေ ဆက်လက် ထားရှိပါတယ်။

အမေရိကန် ကုမ္ပဏီတွေကိုလည်း အဲဒီလို လုပ်ငန်းရှင်တွေနဲ့ ဆက်ဆံ လုပ်ကိုင်မှုတွေကို တားမြစ်ထားပါတယ်။