ဂျပန် ရင်းနှီး မြှုပ်နှံမှုရဲ့ ကောင်းကျိုး ဆိုးပြစ်

ဂျပန် ဝန်ကြီးချုပ်ရဲ့ မြန်မာ နိုင်ငံ ခရီးစဉ်ဟာ စီးပွားရေး ရင်းနှီး မြှုပ်နှံ မှုတွေကို တိုးမြှင့်ဖို့ ရည်ရွယ် တာလို့ ဆိုပါတယ်။
သူနဲ့ အတူ စီးပွားရေး ခေါင်းဆောင် တွေလည်း ပါလာ ကြမယ် ဆိုတော့ ဂျပန် နိုင်ငံက မြန်မာ နိုင်ငံမှာ လုပ်မယ့် ရင်းနှီး မြှုပ်နှံ မှုတွေ ကြောင့် ဘယ်လို ကောင်းကျိုး ဆိုးပြစ်တွေ ဖြစ်လာနိုင် ပါသလဲ။
သေတာရှင် တို့ရဲ့ ထင်မြင် ယူဆချက် တွေကို လာမယ့် မေလ ၂၅ ရက် စေနေနေ့ ညဘက် လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် အစီ အစဉ် မှာ ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ် အပ်ပါတယ်။
ပါဝင် ဆွေးနွေး လိုသူတွေ ဘီဘီစီ ကို အီးမေးလ်နဲ့ ဖြစ်စေ တယ်လီဖုန်းနဲ့ ဖြစ်စေ ဆက်သွယ်နိုင် ပါတယ်။
အီမေးလ်နဲ့ ဆက်သွယ်ရင် burmese@bbc.co.uk ဆိုတဲ့ အီးမေးလ် ကို ဆက်သွယ်နိုင် သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။
သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပြီး ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပေးထား ခဲ့ရင် ဘီဘီစီက ပြန်ပြီး ဆက်သွယ် ပါ့မယ်။




