
တရုတ်ဝမ်ပေါင် ကုမ္ပဏီ အနေနဲ့ ဒီစီမံကိန်းကို ရပ်ပေးဖို့ တောင်းဆို
လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ် သံရုံးရှေ့မှာ သံဃာတော် အပါး(၃၀)ကျော် ဦးဆောင်ပြီး ပြည်သူ တချို့နဲ့အတူ စနေနေ့က ကန့်ကွက် ဆန္ဒပြခဲ့ ကြပါတယ်။
သံဃာတော်တွေဟာ မြေနီကုန်း ကနေ စတင်ကာ တရုတ်သံရုံးရှေ့ အရောက် ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
လမ်းတလျှောက် တာဝန်ရှိ ရဲတွေကနေ လိုက်လံ တားဆီးခဲ့ပေမယ့် လည်း တရုတ်သံရုံးရှေ့အထိ ဆန္ဒပြသူတွေ ရောက်ရှိသွားခဲ့ ကြပါတယ်။
သံရုံးရှေ့ အရောက်မှာတော့ ရဲ အင်အား ၁၀၀ ကျော် လောက်က သံရုံးကို အင်အားသုံး ပိတ်ဆို့ထား ခဲ့ရပါတယ်။
ဆန္ဒပြသူတွေက တရုတ်ဝမ်ပေါင် ကုမ္ပဏီ အနေနဲ့ ဒီစီမံကိန်းကို ရပ်ပေးဖို့ အပါအဝင် တောင်းဆိုချက် ၃ ခု ကို တောင်းဆိုခဲ့ ကြပါတယ်။
အိန္ဒိယနိုင်ငံ ဒေလီမြို့ မှာလည်း လက်ပံတောင်း တောင် ကိစ္စ အတွက် လူ ၅၀ ကျော်က ဆန္ဒပြခဲ့ တယ်လို့ သိရပါတယ်။












