
သံဃာတွေကို အကြမ်းဖက် ဖြိုခွဲမှု ကန့်ကွက်
လက်ပံတောင်း သပိတ် အကြမ်းဖက် ဖြိုခွဲမှု ကြောင့် မန္တလေး ဆေးရုံကြီးမှာ ဆေးကုသ နေတဲ့ သံဃာ တချို့ ဆေးဝါး ငွေကြေး ခက်ခဲ နေတယ်လို့ သိရပါတယ်။
သံဃာ တပါးရဲ့ ခန္ဓာကိုယ် ၇၅ ရာခိုင်နှုန်းထိ မီးလောင်ကျွမ်း သွားပေမယ့် အခန်း သီးသန့် မပေးဘဲ တခြား သူနာ တွေနဲ့ အတူထားလို့ ရောဂါ ကူးစက်မှာ စိုးရိမ်ရတယ်လို့ စောင့်ရှောက် နေတဲ့ သံဃာ တွေက မိန့်ပါတယ်။
အစိုးရက ကူညီနေတယ် ဆိုပေမယ့် ခုချိန်ထိ ဘာမှ ထိထိရောက်ရောက် မရဘဲ အစိုးရ မဟုတ်တဲ့ အဖွဲ့တချို့နဲ့ သံဃာ ချင်း ကူညီတာသာ ရှိတယ် လို့လဲ သိရပါတယ်။












