
သံဃာ အပါး ၆၀ကျော် ဆေးရုံတင် ကုသ
ကြာသပတေး နေ့ မနက် က လက်ပန်းတောင်း တောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ နေတဲ့ သံဃာ တွေရဲ့ သပိတ် စခန်းကို အာဏာပိုင် တွေက အကြမ်းဖက် နှိမ်နင်း ခဲ့လို့ သံဃာ အပါး ၆၀ကျော် ဆေးရုံတင် ကုသရပြီး ၇ပါး အဖမ်းခံခဲ့ရပါတယ်။
ညပိုင်း မိုးချုပ်ချိန်မှာတော့ ဖမ်းထားတဲ့ သံဃာ ၇ပါးကို မုံရွာထောင်ကနေ ပြန်လွှတ် ပေးခဲ့ပါတယ်။
ထောင်ထဲမှာ စစ်မေးတာက မရိုင်းစိုင်းပေမယ့် ဝမ်ပေါင် ကုမ္ပဏီ ရှေ့က ရဲတွေကတော့ သံဃာ တွေကို ရိုက်နှက်တာ တွေရှိတယ် ပြန်လွတ်လာတဲ့ မန္တလေး မဟာကိုးဆူတိုက်က ဦးဝိမလက မိန့်ပါတယ်။
၁၂ နာရီမှာ လူစု ခွဲမယ် ကြေညာ ပေမယ့် သံဃာတွေ နှစ်နှစ် ခြိုက်ခြိုက် ကျိန်းစက် နေတဲ့ ၂ နာရီ ကျော်မှ မီးသတ်ပိုက်နဲ့ ထိုး၊ မီးစုန်းပါတဲ့ လက်နက်နဲ့ ပစ်လို့ သံဃာ တွေ အသားအရေတွေနဲ့ သင်္ကန်းတွေ ပျက်စီး ဒဏ်ရာ ရကုန်တယ်လို့လဲ မိန့်ပါတယ်။












