
ဆန္ဒဖော်ထုတ်နေသူများ
သတိပေး တားဆီးမှု တွေ ရှိနေတဲ့ ကြားက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြ မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေပါတယ်။
ဗုဒ္ဓဟူးနေ့ နေလည်ပိုင်း ၃ နာရီခန့်က သပိတ်စခန်း ၆ ခုထဲက တခုကို ရဲအင်အားတွေ တိုးချပြီး ထိုးဖောက် ဝင်ရောက်ဖို့ ကြိုးစား မှုတွေ ရှိခဲ့တယ်လို့ သပိတ်ပွဲဝင် သံဃာ တပါးက ပြောပြခဲ့ပါတယ်။
ရန်ကုန် မြို့မှာလည်း တနင်္လာနေ့ က ကြေးနီ စီမံကိန်း ရပ်စဲရေး ဆန္ဒပြမှု တွေ ပေါ်ပေါက်ခဲ့ပြီး ဦးဆောင် ပါဝင်ခဲ့သူ ၆ ဦးကို ဖမ်းဆီး အရေးယူမှု တွေ ရှိနေတယ်လို့ သိရပါတယ်။
ကြာသပတေးနေ့မှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မယ်လို့ သိရပါတယ်။
အခုလို ထိပ်တိုက် ရင်ဆိုင်နေမှု တွေနဲ့ သပိတ်မှောက် မှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်နေမှု တွေဟာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေတဲ့ မြန်မာ အစိုးရ အတွက် စမ်းသပ်မှုတွေ အဖြစ် အများက သုံးသပ် နေကြပါတယ်။












