
အိုဘားမား လာမယ့် ခရီး အပေါ် ရင်ခုန်စောင့်နေတဲ့ ရန်ကုန်မြို့ခံတွေ
အာရှသုံးနိုင်ငံကို ခရီးဆန့်မယ့် အမေရိကန် သမ္မတ အိုဘားမားဟာ နက်ဖြန် တနင်္လာနေ့ မြန်မာ နိုင်ငံကို ရောက်တဲ့ အခါ မြောက်ကိုရီးယားနဲ့ စစ်ရေး အရ ဆက်ဆံမှု ဖြတ်တောက်ဖို့ တွန်းအား ပေးလိမ့်မယ်လို့ အိမ်ဖြူတော် အရာရှိ တယောက်က ပြီးခဲ့တဲ့ စနေနေ့တုန်းက ပြောကြားလိုက်တာကို ရိုက်တာ သတင်းမှာ ဖော်ပြထား ပါတယ်။
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး လျော့ဖို့ လိုကြောင်း သမ္မတက မြန်မာ အစိုးရနဲ့ ဆွေးနွေး လိမ့်မယ်လို့ လက်ထောက် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ Ben Rhodes က သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံဟာ အပြုသဘော ဖက်ကို ဦးတည်နေပြီး မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ဖို့ မြင်လိုတယ် ဆိုတာကို ဖိအားပေး လိုကြောင်း သူက ဆိုသွားခဲ့ပါတယ်။












