
မြန်မာသမ္မတဦးသိန်းစိန်
မြန်မာ့ခေါင်းဆောင် သမ္မတ အနေနဲ့ ရာစုနှစ်ဝက် သက်တမ်းအတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် သမ္မတဦးသိန်းစိန် ဟာ ကုလသမဂ္ဂ ညီလာခံ မှာ မိန့်ခွန်း ပြောဖို့ အတွက် ခရီးထွက်ခွာလာပါပြီ။ စက်တင်္ဘာ ၂၅ ရက်နေ့ ညနေ ပိုင်းမှာ နယူးယောက်မြို့ ကို ရောက်လာမှာပါ။
စက်တင်္ဘာ၂၇ ရက်နေ့ မှာတော့ သမ္မတဦးသိန်းစိန် ဟာ၊ မနက် ၁ဝ နာရီ နဲ့ ၁၂ နာရီ အတွင်းမှာ ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ မိန့်ခွန်း ပြောကြားဖို့ ရှိပြီး ညနေပိုင်း မှာတော့ အာရှ လူ့အဖွဲ့အစည်း ASIA SOCIETY မှာ မိန့်ခွန်းပြောမှာပါ။
နယူးယောက်မြို့ကို ရောက်နေတုန်းမှာ သမ္မတဦးသိန်းစိန် ဟာ မြန်မာ တိုင်းရင်းသား တွေနဲ့ တွေ့မယ် လို့ သတင်းထွက်နေပေမယ့် အတည်ပြုချက် မရပေမယ့် ကုလသမဂ္ဂ မြန်မာဝန်ထမ်း တွေနဲ့ တွေ့မယ့် အကြောင်း သိရပါတယ်။ လာမယ့် သီတင်းပတ် အတွင်းမှာ ကုလသမဂ္ဂ မြန်မာယဉ်ကျေးအမှု အဖွဲ့ဝင် တွေနဲ့ သီးသန့် တွေ့ဆုံမယ့် အကြောင်း နယူးယောက်မြို့ မှာ ရောက်နေတဲ့ ဘီဘီစီ မြန်မာဌာန မှ ကိုချိုက ပြောပါတယ်။
အမေရိကန် သမ္မတ အိုဘားမား နဲ့ တွေ့ဖို့ မသေချာပေမယ့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် နဲ့ တွေ့ဖွယ်ရှိပြီး အမေရိကန် စီးပွားရေးနဲ့ နည်းပညာ ဆိုင်ရာ အဖွဲ့အစည်း တွေ ဆီ သွားရောက် လေ့လာ တွေ့ဆုံမယ် လို့ သိရပါတယ်။
စက်တင်္ဘာ၂၉ ရက်နေ့ မှာတော့ နယူးယောက်မြို့ ကနေ ပြန်လည်ထွက်ခွာ ဖို့ ရှိတယ်လို့ ဘီဘီစီ မြန်မာဌာန မှ ကိုချိုက ပြောပြပါတယ်။












