
လွှတ်တော် ကော်မတီ တွေ ပြည်ထောင်စု အဆင့် သတ်မှတ်ရေး ဆွေးနွေးဘွယ် ရှိ
မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ ဗုဒ္ဓဟူးနေ့ ညနေပိုင်း က နေပြည်တော် မှာ တွေ့ဆုံကြောင်း လွှတ်တော် အသိုင်းအဝိုင်း က ပြောပါတယ်။
ဆွေးနွေးချက် ကို နှစ်ဘက် စလုံး က မထုတ်ပြန် ပေမယ့် ဒီရက်ပိုင်း အတွင်း လွှတ်တော် နဲ့ အခြေခံ ဥပဒေ ခုံရုံး အကြား အငြင်းပွား နေတဲ့ လွှတ်တော် ကော်မတီ တွေကို ပြည်ထောင်စု အဆင့် သတ်မှတ်ရေး ကိစ္စ ဆွေးနွေးဘွယ် ရှိတယ် လို့ ခန့်မှန်း ကြပါတယ်။
ဒီ တွေ့ဆုံမှု ဟာ နှစ်ပတ် အတွင်း ဒုတိယ အကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။
မနှစ်က တကြိမ် တွေ့ဆုံမှု နဲ့ ကြားဖြတ် ရွေးကောက်ပွဲ အပြီး ဧပြီလ က တွေ့ဆုံမှု အပါအဝင် စုစုပေါင်း လေးကြိမ် တွေ့ခဲ့ပြီ ဖြစ်ပါတယ်။












