
တရုတ် နိုင်ငံနဲ့ ဆက်ဆံရေး အားကောင်း လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်
နယူးယောက်မြို့ ကုလသမဂ္ဂ ညီလာခံကို ရှေ့အပတ်ထဲ သွားတက်မယ့် မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အင်္ဂါနေ့မှာ တရုတ်နိုင်ငံကို အလည်အပတ် ရောက်ရှိ သွားပါတယ်။
သမ္မတရဲ့ ခရီးစဉ်ဟာ တရုတ် နိုင်ငံနဲ့ ဆက်ဆံရေးကို အားကောင်း လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်တဲ့ ခရီးစဉ် ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
တရုတ်နိုင်ငံ ဟာ မြန်မာနိုင်ငံရဲ့ အဓိက အရေးအကြီး ဆုံးသော ကုန်သွယ်ဖက် နိုင်ငံ ဖြစ်ပြီး မြန်မာ အပေါ် သြဇာ အရှိဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။
မြန်မာ အစိုးရဟာ အနောက်နိုင်ငံတွေနဲ့ အထီးကျန် နေခဲ့မှုတွေကို အဆုံးသတ်ပြီး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင် လာနေပေမယ့်လည်း တရုတ်နဲ့ ဆက်ဆံရေးကို ပိုကောင်းအောင် လုပ်ဆောင် နေတာ ဖြစ်တယ်လို့ သတင်းထောက်က ပြောပါတယ်။
တရုတ် အနေနဲ့ သူတို့ အတွက် တန်ဖိုး ရှိလှတဲ့ မြန်မာနိုင်ငံကို လက်မလွှတ်ရဘူး ဆိုတာကို အခု သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်က သေချာစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။












